Friday, December 14, 2012

မက္ကဆီကိုကလပ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ချဲလ်ဆီး # မွန်တာရေး ၁-၃ ချဲလ်ဆီး


ဂျပန်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ကလပ်များ ချန်ပီယံပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ စဉ် အဖြစ် ကွန်ကာကပ်ဇ် ချန်ပီယံ ဖြစ်သည့် မက္ကဆီကို ကလပ် မွန်တာရေး နှင့် ဥရောပချန်ပီယံ ချဲလ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ချဲလ်ဆီး အသင်းသည် မန်နေဂျာ ဘင်နီတက်ဇ်၏ လက်ထက်တွင် ပုံမှန် ခြေစွမ်း ရလာခဲ့သည်ကို ယခုပွဲတွင်လည်း ဆက်လက် သယ်ယူလာနိုင်ခဲ့ပြီး ၃ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ချဲလ်ဆီး အတွက် ဂိုးများကို တောရက်စ်နှင့် မာတာ တို့က သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကိုတော့ မွန်တာရေး ခံစစ်လူ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်း ဖြစ်သည်။ မွန်တာရေးအတွက် နှစ်သိမ့်ချေပဂိုး ကို တိုက်စစ်မှုး နီဂရစ်က ပွဲချိန် အပိုဆောင်းမိနစ်တွင် သွင်းယူခဲ့သည်။
ချဲလ်ဆီး အသင်းသည် ယနေ့ပွဲတွင် လူစာရင်း အပြည့်အစုံ ဖြင့် ပွဲထွက်သွားခဲ့ပြီး တောင့်တင်းသည့် အသင်းဖြင့် မက္ကဆီကို ကလပ်အား ယှဉ်ပြိုင် ခဲ့သည်။ ချဲလ်ဆီးတွင် တိုက်စစ်မှုး တောရက်စ် ကို အထောင် ထားခဲ့ပြီး မာတာ၊ ဟာဇတ်၊ မီကေးလ်၊ အော်စကာ တို့၏ ကွင်းလယ်ဖြင့် ထောက်ပံ့စေခဲ့ပြီး နောက်ခံလူ လူးဝစ်ကို ကွင်းလယ်ခံစစ်တွင် ကစားစေခဲ့သည်။ ခံစစ် ကစားသမား အဖြစ် အက်ပီလီကျူတာ၊ လူးဝစ်၊ အိုင်ဗန်နိုဗစ်၊ ကိုးလ်၊ ကာဟေးလ် တို့ကို အသုံးပြုခဲ့ပြီး ဂိုးသမား ပီတာဆက်ခ်ျ ကို အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်စေခဲ့သည်။
ယနေ့ပွဲတွင် နှစ်သင်းလုံး ကစားအား ညီခဲ့ပြီး ကွင်းလယ်တွဲလုံး များဖြင့် ပွဲကို ဖြည်းဖြည်းမှန်မှန် ကစားသွားနိုင် ခဲ့သည်။ မက္ကဆီကို ကလပ်၏ ပထမပိုင်း တိုက်စစ် တွဲလုံးများက ချဲလ်ဆီး ခံစစ်ကို ဖိအား များစေခဲ့ပြီး အနိမ့်ဘောဖန်တီးမှုများ ဖြင့် တောင်ပံသို့ ဘောလုံးချဲထုတ်ကာ ဂိုးဧရိယာ အတွင်း ဖြတ်တင်ပေးပို့ပြီး ဂိုးရယူရန် ကြိုးစားခဲ့သည်။ ဥရောပချန်ပီယံ အဖြစ် ကိုယ်စားပြု ကစားခဲ့သည့် ချဲလ်ဆီး အသင်းကတော့ ပွဲကို ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး ဘောလုံးရရှိသည့် အချိန်တိုင်း တိုက်စစ်ကို အလျင်အမြန် ပြောင်းလဲ၍ တိုက်ရိုက်တိုက်စစ်ဆင်သည့် ပုံစံကို ပုံဖော် လာခဲ့ကာ အခွင့်အရေးများကို အသုံးချနိုင်ခဲ့သည်။ ပွဲအစပိုင်း (၅) မိနစ်တွင်ပင် ချဲလ်ဆီး အသင်း ဦးဆောင်ဂိုး ရယူနိုင်ရန် အခွင့်အရေး ပေါ်ပေါက်ခဲ့ပေမယ့် ဟာဇတ် ဂိုးသမားနှင့် တစ်ဦးခြင်းအတွေ့ ကန်သွင်းခဲ့ရာတွင် ဂိုးပေါက် လွဲချော် ခဲ့သဖြင့် ဂိုးစောစောရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။
ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၇) မိနစ်တွင် သွင်းယူနိုင် ခဲ့ပြီး မွန်တာရေး အသင်းအား ဖိအားဝင်စေခဲ့သည်။ တန်ပြန် တိုက်စစ်ဆင်ချိန် အော်စကာ၊ ကိုးလ်တို့၏ တွဲလုံးမှတဆင့် အင်္ဂလန် နောက်ခံလူ၏ ဖန်တီးမှုကို ဂိုးဧရိယာ ထဲတွင် ရှိနေသော မာတာက အပိုင် ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် မွန်တာရေး အသင်းသည် ၎င်းတို့၏ အပေးအယူ ညက်ညောမှုဖြင့် ချဲလ်ဆီး ကွင်းလယ်ကို စိုးမိုး ကစားနိုင် ခဲ့ပြီး ချေပဂိုး ရယူရန် အခွင့်အရေးများ ဖန်တီးခဲ့သည်။ သို့သော်လည်း ဖြတ်တင်မှုပြုလုပ်တိုင်း အထောင် တိုက်စစ်မှုး ဖြစ်သည့် နီဂရစ် ချဲလ်ဆီး နောက်ခံလူများနှင့် အပြိုင် လုမယူနိုင်ခဲ့ပဲ ဖြစ်နေခဲ့တာကြောင့် ပီတာဆက်ခ်ျ ကာကွယ်မှု ခက်ခက်ခဲခဲ မပြုလုပ်ခဲ့ရချေ။ မွန်တာရေး အသင်းတွင် တောင်ပံ ကစားသမားများ ဖြစ်သည့် ဒယ်လ်ဂါဒိုနှင့် ကာဒိုဇို တို့ ပထမပိုင်းတွင် ခြေစွမ်း ပြခဲ့ပြီး ချဲလ်ဆီး ခံစစ်အစွန်လူများကို အချိန်ပြည့် ဖိအားပေးသွားနိုင် ခဲ့သည်။ ပွဲချိန် ပထမပိုင်း နောက်ဆုံးမိနစ် များတွင်လည်း မည်သည့် အသင်းမှ ဂိုးသွင်းခွင့် များများစားစား မဖန်တီးနိုင်ခဲ့ပဲ မွန်တာရေး အသင်းက ချေပဂိုး သွင်းယူနိုင်ရန် ကြိုးစားခဲ့သည့် ကြိုးစားမှု နှစ်ကြိမ်လောက်သာ ထူးခြားသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်တော့ တစ်ဂိုး ဦးဆောင်ထားသည့် ချဲလ်ဆီး အသင်းက ပွဲအစ (၃) မိနစ်တွင်ပင် နှစ်ဂိုး ဆက်တိုက် သွင်းယူခဲ့ပြီး ပွဲကို ထိန်းချုပ် နိုင်ခဲ့သည်။ (၄၆) မိနစ်တွင် ဟာဇတ်၏ ထိုးဖောက်မှုမှ တဆင့် တိုက်စစ်မှုး တောရက်စ် ရရှိသွားပြီး ကန်သွင်းခဲ့ရာတွင် မွန်တာရေး နောက်ခံလူနှင့် ထိခဲ့ပြီး လမ်းကြောင်းပြောင်း ဂိုးဝင် သွားခဲ့၍ ဂိုးသမား ကာကွယ်ရန် မစွမ်းနိုင်ခဲ့ချေ။ နောက်ထပ် (၂) မိနစ်အကြာတွင်လည်း တန်ပြန် တိုက်စစ်မှ တဆင့် တောရက်စ်၏ ပေးပို့မှုကို မာတာ ရယူခဲ့ပြီး အော်စကာအား ဂိုးသွင်းယူရန် ဖန်တီးပေးပို့ခဲ့ရာ မွန်တာရေး နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းယူမိ ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းအစတွင်ပင် သုံးဂိုး ပြတ် ရှုံးနိမ့်သွားခဲ့တာကြောင့် မွန်တာရေး အသင်း ဖိအားများသွား ခဲ့ပြီး ပထမပိုင်း က ကဲ့သို့ ကစားပုံမျိုး မပြုလုပ်နိုင်တော့ချေ။
ပွဲချိန် မိနစ် (၆၀) မပြည့်ခင် မွန်တာရေး အသင်းမှ လူစားလဲမှု ပြုလုပ်ခဲ့သလို (၅) မိနစ် အကြာတွင်လည်း ချဲလ်ဆီး အသင်းမှ ကွင်းလယ်တွင် ဝင်ကစားနေသည့် လူးဝစ် အစား လမ်းပက် ဝင်ရောက် ကစားခဲ့သည်။ ချဲလ်ဆီး အသင်းသည် (၃) ဂိုးအထိ ဦးဆောင်ထားနိုင်ခဲ့၍ ပွဲကို ထိန်းချုပ်ခဲ့ပြီး တန်ပြန် တိုက်စစ်ဖြင့်သာ ဂိုးရယူရန် ကြိုးစား ခဲ့သည်။ မွန်တာရေး အသင်းအနေနှင့် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပီတာဆက်ခ်ျ ကို ဒုက္ခတွေ့စေမည့် ကန်သွင်းချက် မျိုး မပြုလုပ်နိုင်ခဲ့သောကြောင့် ချေပဂိုး ရယူရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် နောက်ပိုင်း မိနစ် များတွင်လည်း ဂိုးပြတ် အနိုင် ရရှိနေသည့် ချဲလ်ဆီး အသင်းကပင် ထပ်မံ ဂိုးရယူနိုင်မည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ပြီး မွန်တာရေး အသင်း ကစားအား သိသိသာသာ ကျသွားခဲ့သည်။ ချဲလ်ဆီး သည် အနိုင်သေချာနေသည့် ရလဒ်ကြောင့် မာတာ၊ တောရက်စ် တို့ကို အနားပေးခဲ့ပြီး ဖရဲရားနှင့် မော့ဆက်စ် တို့ကို ထည့်သွင်းသွားခဲ့ပြီး ပွဲကို အဆုံးသတ်ရန် ကြိုးစား ခဲ့သည်။ အပိုဆောင်း မိနစ်တွင်မှ မွန်တာရေး တိုက်စစ်မှုး နီဂရစ်က နှစ်သိမ့်ချေပဂိုး သွင်းယူသွား ခဲ့သောကြောင့် ချဲလ်ဆီး အသင်း ၃ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ဖယ်ကာအို အတွက် ငွေသုံးကြမ်းရန် အသင့် ရှိနေသည့် အေဗရာ မိုဗစ်

ချယ်လ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်သည် ရာဒါမယ် ဖယ်ကာအို အတွက် ငွေကို ရက်ရက်ရောရော သုံးစွဲရန် အသင့် ရှိနေကြောင်း သိရသည်။
ရုရှား ဘီလျံနာ သူဌေးကြီးသည် ပေါင်စတာလင် သန်း(၄၀)ဝန်းကျင် ပေါက်ဈေးရှိသော တိုက်စစ်မှူးကို အက်သလက်တီကို မက်ဒရစ်ထံမှ ဝယ်ယူပြီး ပါက တစ်နှစ်လုပ်ခ ပေါင်စတာလင် (၁၀)သန်းထိ ပေးချေရန် ရည်ရွယ် ထားကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။ ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးသည် စပိန်လာလီဂါတွင် အန္တရာယ် အကြီးမားဆုံး တိုက်စစ်သမား တစ်ဦးအဖြစ် မှတ်ကျောက်တင်ခံ ခဲ့ပြီးနောက် ဖာနန်ဒို တောရက်စ်၏ အနေအထား အပေါ် အားမရ ဖြစ်နေသည့် အေဗရာမိုဗစ်၏ အာရုံကို ဖမ်းစားနိုင် ခဲ့သည်။
Daily Mail သတင်းစာက ချယ်လ်ဆီးသည် အသက်(၂၆)နှစ်ရှိ ကစားသမား အတွက် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)ဝန်းကျင် ပေးချေ သွားမည်ဟု ဖော်ပြ ခဲ့သည်။ ယင်းသည် တောရက်စ် လက်ရှိ ခံစားခွင့် ရနေသည့် တစ်ပတ် ပေါင်စတာလင် (၁၇၅၀၀၀)ထက် ပိုမိုများပြားမည့် သဘောလည်း ဖြစ်သည်။ ချယ်လ်ဆီးသည် ဇန်နဝါရီ ဈေးကွက် ကာလတွင် ဖယ်လ်ကာအိုအား စတင် ချဉ်းကပ်ဖွယ် ရှိနေပြီး အက်သလက်တီကို ကမူ ၎င်းတို့၏ အားထား ရသော ကစားသမားကို ရာသီကုန်ထိ ဆက်ထိန်း ထားရန် ကြိုးစားနိုင်ကြောင်း သိရှိ ရသည်။

မြွေသားအမိ ပုံပြင်

'' အမေစကား မှတ်ထားပါသားရယ် ၊
အစာတစ်ခုကို မစားခင် ကြည့်ရှုစစ်ဆေးပါ ။
ခရီးတစ်ခုကို မသွားခင်မှာ ၊
ဘေး ရှိမရှိ ကို ကြည့်ရှုစစ်ဆေးပါ ။
အတိုချုပ်ကတော့ ကြည့်ပြီးမှ သွား ၊
ကြည့်ပြီးမှ စား ။ ''

တစ်ခါတုန်းက ကျွန်းတစ်ကျွန်းတွင် မြွေသားအမိတို့ နေထိုင်ကြလေ၏ ။မြွေမကြီး၏ အမည်
မှာဒေါ်ကြာဖြူဖြစ်ပြီး သားကလေး၏ အမည်မှာ မောင်ပြည့်စုံဖြစ်ပေသည်။မောင်ပြည့်စုံသည်
လွန်ဆော့၏ သစ်ပင်ပေါ်သို့ တက်ပြီး ဝေါခနဲလျှောချ၏ ဒါကို မိခင်မြွေမကြီး ဒေါ်ကြာဖြူ
မြင်သော် '' အရိုးတွေ အဆစ်တွေနာကုန်ရင် ဘယ်နှယ့်လုပ်မလဲ ၊သားလေးမောင်ပြည့်စုံ
ရယ် မြွေဆိုတဲ့အမျိုးက ကိုယ်ကို အားကိုးပြီး အစာရှာရတာကွဲ့ ၊ကိုယ်ကို အသုံးပြုပြီး ဘေး
ရန်ကို လည်း ကာကွယ်ရတာ '' ဟု ဆုံးမလေ၏ ။ မောင်ပြည့်စုံကလေးမှာ '' ရပါတယ် အ
မေရာ ''ဟု ပြောပြီး မိခင်စကားကို အလေးအနက်မထားပဲ ဆော့မြဲဆော့နေလေ၏ ။တစ်ခါ
သော် ၀ါးရုံတောတစ်ခုအတွင်းရှိ ၀ါးပင်နှစ်ပင်ကြားတွင် ဆော့ကစားရင်း ညပ်နေသော်အခါ
"အမေရေ လာပါ ၊အမေရေ ကယ်ပါ ''အသံ တစာစာနဲ့ ဒုက္ခတွေ့ မှ အမိကိုသတိရပြီတလေ၏ ။

မောင်ပြည့်စုံကလေး ညပ်နေသော ၀ါးရုံတောမှာ နေထိုင်ရာအသိုက်နဲ့ ကွာလှမ်းနေသဖြင့်
မောင်ပြည့်စုံကလေး၏ မိခင်ဖြစ်သူ ဒေါ်ကြာဖြူမှာ မကြားမိချေ ။သို့ ပါသော်လည်း ဒေါ်ကြာ
ဖြူမှာ ချစ်သားကလေး မောင်ပြည့်စုံ ပျောက်နေသဖြင့် ကျွန်းလုံးအနှံလိုက်လံရှာဖွေရာ ည
နေစောင်းမှ ၀ါးရုံတောကို ရောက်လာလေ၏ ။ထိုအခါ သားဖြစ်သူ မောင်ပြည့်စုံကလေး
ဒုက္ခရောက်နေတာမြင်မှ " အမေမှာ ရှာလိုက်ရတာ သားလေးရယ် ၊မြွေဟောက်ကြီး ကိုလွမ်း
ကိုမေးတော့ စောစောကမြင်လိုက်သေးတယ်တဲ့ ။မြွေပွေးကြီး  ကိုပီတိ ကတော့ ဘာမှ မေးမ
ရပါဘူး ။တော်သေးတာပေါ့ သားလေးရယ် အမေမှာ ရှာလိုက်ရတာ လင်းမြွေကြီး ကိုရော့က
ဝါးတောထဲ ၀င်သွားတာ တွေ့ လိုက်တယ် ပြောမှ အမေမှာ လာရှာရတယ် ။ " ထိုအခါ မောင်
ပြည့်စုံလေးက '' အဲ့ဒါတွေ အသားထားပါ အမေရာ သားကို ဘယ်လိုကယ်မလဲ အရင်စဉ်းစား
ပါအမေရာ '' ဟု ပြောလေ၏ ။

မြေမကြီး ဒေါ်ကြာဖြူသည် ၀ါးတောကို အကဲခတ်ပြီး မောင်ပြည့်စုံကလေး ညပ်နေသော ၀ါးပင်
နှစ်ပင်ကို လေ့လာခိုက် ၀ါးပင်နှစ်ပင်မှာ လေတိုက်စဉ်တွင် ကွဲကွာသွားပြီး လေငြိမ်နေစဉ်အခိုက်
တွင် ယှဉ်ပူးနေသဖြင့် မောင်ပြည့်စုံကလေးမှာ ညပ်နေတာကို တွေ့ မြင်လေ၏ ။ထိုအခါ မိခင်မြွေ
မကြီး ဒေါ်ကြာဖြူက '' အဲ့ဒါကြောင့် 'ကြည့်ပြီးစား ၊ကြည့်ပြီးသွား ' လို့ အမေမှာ ရတာပေါ့ ၊အခုအမေ့
စကားကို နားမထောင်လို့ အခုလို ဖြစ်ရတာ '' ဟု ဆိုဆုံးမလေ၏ ။ '' ဟုတ်ပါပြီ အမေရာ ၊နောက်ဆို
အမေဆိုဆုံးမတဲ့အတိုင်း လိုက်နာပါ့မယ် '' ဟု မောင်ပြည့်စုံကလေးက ပြန်ဖြေလေသည် ။

ထိုနောက် မြွေမကြီး ဒေါ်ကြာဖြူသည် သားကလေး၏ ကိုယ်အောက်မှ ကန့် လန့် ဖြတ်ဝင်ကာ အား
ယူပြီး တရှဲရှဲ လေတိုက်သံပေါ်လာလျှင် ကုန်းထရင်း '' ရုန်းလိုက် ၊ရုန်းလိုက် '' ဟု အော်လေ၏ ။လေ
လာသောကြောင့် ၀ါးပင်နှစ်ပင်အကွာမှာ ဒေါ်ကြာဖြူက လည်းအပေးကို တွန်း ၊မောင်ပြည့်စုံကလေး
က တအားရုန်းသဖြင့် ၀ါးပင်ကြားမှ လွတ်လေ၏ ။မောင်ပြည့်စုံကလေး ဒုက္ခမှ လွတ်သော် ဒေါ်ကြာဖြူ
က'' အမေစကားမှတ်ထားပါသားရယ် ၊အစာတစ်ခုကို မစားခင် ကြည့်ရှုစစ်ဆေးပါ ။ခရီးတစ်ခုကို မသွား
ခင်မှာ ၊ဘေး ရှိမရှိကို ကြည့်ရှုစစ်ဆေးပါ ။အတိုချုပ်ကတော့ ကြည့်ပြီးမှ သွား ၊ကြည့်ပြီးမှ စား ။ ''ဟု မှာ
လေ၏ ။ထိုအခါ မောင်ပြည့်စုံကလေးက '' ဟုတ်ကဲ့ပါ အမေ ဟုတ်ကဲ့ အမေစကားကို  သား နားထောင်
ပါတော့မယ် '' ဟု ပြောလေ၏ ။သို့ သော် မောင်ပြည့်စုံကလေးမှာ မိခင်ဖြစ်သူ ဒေါ်ကြာဖြူ စကားကို အ
လေးအနက်မထား ပေါ့ပေါ့နေပြီးပေါ့ပေါ့စားကာ နေမြဲအတိုင်း ဆော့ကစားနေလေ၏ ။

တစ်နေ့ သောအခါဝယ်  မိခင်ဖြစ်သူ ဒေါ်ကြာဖြူက အခြားအရပ်ရှိ ငန်းတော်ကြားမြွေကြီး မောင်ကွန်
နေမကောင်းတာကို သတင်းမေးသွားစရာ ရှိသဖြင့် သားတော်မောင် မောင်ပြည့်စုံကလေးကို  အစစ
အရာရာသတိရှိစေရန် ၊မှာကြားလေ၏ ။ '' သားကလေး ပြည့်စုံရေ အမေကိစ္စတစ်ခုနဲ့ ခရီးသွားစရာ
ရှိတယ် ။အမေခရီးသွားနေခိုက်တွင် အရာရာမှာ ကြည့်ပြီးသွား ၊ကြည့်ပြီးစားပါကွယ် ။အထူးသဖြင့်
တော့ ကျွန်း၏အရှေ့ ပိုင်းကို မသွားပါနဲ့ အန္တာရယ်ရှိတယ် '' ဟု ပြောလေ၏ ။ထိုအခါ မောင်ပြည့်စုံ
ကလေးက '' စိတ်ချလက်ချတာ သွားပါအမေ " ဟု ပြန်ပြောလေ၏ ။

မောင်ပြည့်စုံကလေးမှာ စိတ်ချပါဟု ပါးစပ်က ပြောသော်လည်း  မသွားနဲ့လို ပြောရင် သွားချင်
တယ် ။မစားနဲ့ လို့ မှာရင် စားချင်ကြတဲ့ လူငယ်စိတ်ပီပီ အရာရာကို စူးစမ်းချင်တဲ့ စိတ်ကလေးနဲ့ 
ကျွန်းအရှေ့ ပိုင်းကို ရောက်အောင် သွားလေ၏ ။မိခင်ဖြစ်သူ ဒေါ်ကြာဖြူက ကျွန်းအရှေ့ ပိုင်းကို
သားဖြစ်သူမသွားခိုင်းရခြင်းမှာ ကျွန်းအရှေ့ ပိုင်းတွင် မြွေအလမ္မာယ်ဆရာများ ရောက်နေသည်
ဟု သတင်းကြားသောကြောင့် ဖြစ်သည် ။အမေ့စကားနားမထောင်သော မောင်ပြည့်စုံကလေး
မှာ ကျွန်းအရှေ့ပိုင်း ရောက်သောအခါ မြွေအလမ္မာယ်ဆရာများ၏ ဖမ်းဆီးခြင်းကို ခံရလေ၏ ။
သူအစွယ်ဖြင့် မပေါက်ခင် အမြီးဖြင့်မရိုက်ခင် အလမ္မာယ်ဆရာက ကုက်ကို ကိုင်ပြီး ပခြုပ်ထဲ
ထည့်သောအခါ မောင်ပြည့်စုံခမျာ ဘာမှမတတ်နိုင်ပဲ ။ '' အမေရေ ကယ်ပါ   အမေရေ ကယ်
ပါ  ''အသံတစာစာဖြင့် ကြာတော့မောပြီး မအော်နိုင်ပဲ မောမောနဲ့ခွေမှိန်းနေစဉ် ပခြုပ်အဖုံးဖွင့်
သံကြားပြီး မကြာခင်ပြန်ပိတ်သွားလေ၏ ။ထိုစဉ် မြွေတို့ ၏ အစာနံကို ရလေ၏ ဘေးဘယ်ညာ
ကို ကြည့်လေသောအခါ ကြွက်မလေး မိုးစက် ကို တွေ့ လေ၏ ။အဆိပ်စွယ်ဖြင့် ထိုးဆွကိုက်ခဲရန်
ရှူးခနဲ မောင်ပြည့်စုံခေါင်းထောင်လိုက်၏ ။သို့ စဉ်တွင် အမေ၏ ဆိုဆုံးမ အသံကို ကြားယောင်မိ၏ ။
'' ကြည့်ပြီးသွား ကြည့်ပြီး စားပါ သားရယ် ''
မောင်ပြည့်စုံ၏ ခေါင်း ခွေကျသွား၏ ။'' ကြည့်ပြီးမှ သွားပါ ဆိုတဲ့ အမေ့စကားကို နားမထောင်သဖြင့်
ရန်သူ၏ အဖမ်းခံရပြီးပြီ ၊အခု ငါသိပ်ဆာလောင်နေတယ် ၊ဆာနေတုန်းမှာ ငါအလွန်ကြိုက်တဲ့ ကြွက်
ရောက်လာတယ် ။ဒါပေမဲ့ ကြည့်ပြီးစားပါဆိုတဲ့ အမေ့စကားရှိတယ် ။ဒါကြောင့် ချက်ချင်းမစားဘဲနေ
ပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်ဦးမယ် '' ဟု တွေးလေ၏ ။အမေ့စကားကို မနာယူမိသော အလမ္မာယ်
ဆရာအဖမ်းခံရသောမြွေကလေးပြည့်စုံသည် ကြွက်ကိုမစားပဲ နေလိုက်၏ ။

ကြွက်မလေး မိုးစက်သည် ကြောက်ရွံ့ လွန်းသောကြောင့် မြွေအခွေဘေးတွင် တဆတ်ဆတ်တုန်နေလေ
၏ ။သူတစ်သက်တာတွင် ရန်သူမြွေနှင့် ပူးကပ်ပြီးတစ်ကြိမ်မျှ မနေဖူးသောကြောင့် နေစရာမရှိပေ ။
သို့ သော် မြွေက မလှုပ်သောအခါ ကြွက်မလေး အကြောက်ပြေလာ၏ ။အကြောက်ပြေသည်နှင့် တပြိုက်
နက်တည်း ကြွက်၏ရှေးဦးအလုပ်မှာ အတားအဆီးကို ကိုက်ဖဲ့ခြင်း ဖြစ်၏ ။အကြောက်ပြေလာသော
ကြွက်မလေးသည် ကြိမ်ဖြင့် ရက်လုပ်ထားသော မြွေပခြုပ်ကို တဂျစ်ဂျစ်ကိုက်ဖဲ့လေ၏ ။ထိုအခါ ကြွက်
မလေးမိုးစက် ကိုမစားမိသော မောင်ပြည့်စုံကလေးသည် ကြွက်မလေး မိုးစက် အကူအညီနဲ့  အဖမ်းအဆီးမှ
လွတ်မြောက်လေတော့၏ ။ဒါကြောင့် ငါ့ကိုအမေကမှာတာကို ကြည့်ပြီးမှ စားဆိုတဲ့ အမေ့စကားနားထောင်
မိလို့  ငါအခုလို လွတ်ရတာဟု  ဆင်ခြင်မိလေ၏ ။

ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်ပါပြီး ဒီပုံပြင်ကလေးကို တွေးကြည့်ရအောင်ဗျာ ။
ကျွန်တော်တို့ ဘ၀မှာ မိဘတွေက ဆိုဆုံးမစကားကို လျစ်လျူရှုခဲ့ဖူးကြလိမ့်မယ်လို့ ထင်ပါတယ် ။
ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ဒါပေမဲ့ မိဘကတော့ ဘယ်သားသမီးကပဲ မကောင်းဖြစ်နေပါစေ
ဘယ်သောအခါမှ မေတ္တာမပျက်ပဲ ချစ်ခင်လျှက်ပါ ။ဒါကြောင့် သားသမီးတွေကလည်း မိဘဆရာသ
မားတွေရဲ့ ဆိုဆုံးမစကားတွေကို အလေးထားကာကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ကဗျာလေး
ထဲကလို ``ဖေဖေ မေမေ မာပါစေ.....မေမေ့စကား အရေးထား  ဖေဖေ့စကား သားလေးစား........´´ 
ဆိုခဲ့ကြဖူးသလို အလေးအနက်ထားကာ လိုက်နာနိုင်ကြပါစေ ။မိဘရဲ့ ဆုံးမစကားကို နားထောင်တဲ့
လူက ဘယ်သောအခါမှ ဘေးဒုက္ခနဲ့ မတွေ့ နိုင်ဘူးလို့ ယုံကြည်စွာဖြင့်