chelsea သတင်းများ


အဲဗာတန်စတား ဖယ်လိုင်နီကို ပေါင် ၂၂သန်း သုံးဖွယ်ရှိသည့် ချယ်ဆီး

fell
ချယ်ဆီးအသင်းသည် အသင်း၏ အဓိက ကစားသမား ဖြစ်သော ဖရန့်လမ်းပတ်နေရာကို
အစားထိုးဖို့ရာ အဲဗာတန်အသင်းမှ ကွင်းလယ်ကစားသမား ဖလိုင်နီကို ခေါ်ယူဖို့ စီစဉ်လျက်
ရှိနေကြောင်း သိရသည်။ ယခုနှစ် ဘောလုံး ရာသီကုန်ဆုံးသည်နှင့် အသင်းမှ ထွက်ခွာတော့မည်
ဖြစ်ကြောင်း လမ်းပတ်မှ အတည်ပြုပြီးနောက် အပြာရောင် ချယ်ဆီးအသင်းသည် ယခုလို
ဘယ်လ်ဂျီယံသားအား ခေါ်ယူဖို့ စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။
လာမည့်နွေရာသီတွင် လမ်းပတ်နေရာကို မဖြစ်မနေ အစားထိုးရတော့မည် ဖြစ်ရာ အသင်း၏
နည်းပြ ရာဖေးဘင်နီတက်သည် ပေါင် ၂၂သန်းဖြင့် ခေါ်ယူဖို့ ကြံရွယ်နေပြီး လက်ရှိတွင် ဖလိုင်နီမှာ
အဲဗာတန်နှင့် ၂၀၁၁ ကမှ ငါးနှစ်စာချုပ်ကို ချုပ်ဆိုခဲ့သည့်အတွက် ပေါင် ၂၂သန်းမျှ အထိ
ချယ်ဆီးအသင်းသည် ပေးချေရဖွယ် ရှိနေသည်ဟု သိရသည်။
အဲဗာတန်အသင်းသို့ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ၂၀၀၈ခုနှစ်က ရောက်ရှိခဲ့ပြီး ပေါင် ၁၅သန်းဖြင့်
ဒေးဗစ်မိုရေးမှ ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် ဖလိုင်နီ၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့်သို့
ရောက်ရှိနေပြီး အဲဗာတန်အသင်း၏ ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်သလို ကွင်းလယ်ခံစစ်သာမက
တိုက်စစ်မှူး အဖြစ်သာမက သို့မဟုတ် ကွင်းလယ် တိုက်စစ်ကိုပါ အကောင်းဆုံး ဖြည့်ဆည်း
ကစားပေးနိုင်နေသူလည်း ဖြစ်သည်။
(Bluehope ရေးသားသည်)

 

လမ်းပတ်အား စာချုပ်သက်တမ်းတိုးဖွယ်ရှိ

lampard
လာမည့် နွေရာသီတွင် သက်တမ်းကုန်ဆုံးတော့မည့် အသင်း၏ ကွင်းလယ်ကစားသမား လမ်းပတ်၏
စာချုပ်သက်တမ်းအား ဆက်လက်တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသင်းနှင့်နီးစပ်သူများ၏ ပြောပြချက်အရ လမ်းပတ်အား ကလပ်မှ စာချုပ်သက်တမ်းတိုးမြှင့်ခြင်း
မပြုတော့၍ အသင်းသစ်ရှာဖွေရန် ပြောကြားခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်
လာသည်။
သို့သော်လည်း ယခုရက်ပိုင်းများအတွင်း လမ်းပတ်၏ယခင်ခြေစွမ်းများပြန်လည်မြင်တွေ့နေရပြီး အသင်းတွင်
အရေးပါသောကစားသမားအဖြစ် သက်သေပြလျက်ရှိသည်ကတစ်ကြောင်း၊ အားပေးသူပရိသတ်များမှ
၎င်းထွက်ခွာမည့်ကိစနှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့သည့်အသင်းပိုင်ရှင်အပေါ် အပြင်းအထန်ကန့်ကွက်လျှက်ရှိ
နေသည်က တစ်ကြောင်း စသည်တို့ကြောင့် ယခုကဲ့သို့ သက်တမ်းတိုးရန် ပြန်လည်ပြင်ဆင်နေခြင်း
ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။ အသက်(၃၄)နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားသည်
အသင်း၏ သမိုင်းတစ်လျှောက် ပြိုင်ပွဲအရပ်ရပ်တွင် (၁၉၃)ဂိုးဖြင့် ဒုတိယဂိုးအများဆုံး သွင်းယူထားသည့်
စံချိန်မှတ်တမ်းကို ဆောက်သမ်တန်နှင့်ပွဲတွင် တင်ထားနိုင်ခဲ့သည်။

ဒမ်ဘာဘာ၏ ပွဲဦးထွက်ခြေစွမ်းပြမှုဖြင့် ဆောက်သမ်တန်အား ဂိုးပြတ်အနိုင်ယူ

ဆောက်သမ်တန် ၁ – ၅ ချယ်လ်ဆီး
svc
FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းသည် ဆောက်သမ်တန်
အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ နယူးကာဆယ်မှ ပြောင်းရွှေ့လာသည့်
ပူပူနွေးနွေးတိုက်စစ်မှူးသစ်ဒမ်ဘာဘာ၏ သွင်းဂိုး(၂)ဂိုးအပါအ၀င် ၁-၅ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး
စတုထအဆင့်သို့ တက်ရောက်သွားသည်။ ယခုပွဲတွင် ဘင်နီတက်ဇ်က တောရက်စ်၊ လမ်းပတ်၊
အော်စကာ တို့အား အရန်အဖြစ်ထားရှိပြီး ဒမ်ဘာဘာ၊ မာတာ၊ ဟာဇက်တို့ဖြင့်လည်းကောင်း
ကွင်းလယ်ခံစစ်တွင် လူးဝစ်၊ ရာမီးရက်စ်တို့ဖြင့်လည်းကောင်း ခင်းကျင်းပွဲထွက်ခဲ့သည်။ အိမ်ရှင်
အသင်းတွင် တိုက်စစ်မှူးရော့ဒရီကွက်ဇ်ကို ရှေ့တင်ခဲ့ပြီး ပန်ချီယွန်၊ပါရာတို၊ ဒေးဗီးစ်တို့ကို ကျောရိုး
ထားကာ ချယ်လ်ဆီးအသင်းအား ရင်ဆိုင်ခဲ့သည်။
ပထမပိုင်းမိနစ်(၂၀)ကျော်အထိ ချယ်လ်ဆီးအသင်း၏ ကစားပုံမှာ အားရစရာမရှိပဲ အချိတ်အဆက်များ
လွဲချော်နေသည်။ အိမ်ရှင်အသင်းက ယင်းကို အခွင့်အရေးယူပြီး တိုက်စစ်ဆင်ခဲ့ရာ (၂၁)မိနစ်တွင်
ကွင်းလယ်ကစားသမား ပန်ချီယွန်က  ကွင်းလယ်မှ တိုက်ရိုက်ပေးပို့လိုက်သည့်  ဘောလုံးကို
တိုက်စစ်မှူး ရိုဒရီကွက်ဇ် ကကာဟေးလ်ကို ဖြတ်ကျော်ပြီး ဂိုးသမားတန်ဘူလ်ဘယ်ဘက်သို့ အသာ
အယာသွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့သည်။ ကားဟေးလ်၏ ပေါ့လျော့မှုကြောင့်ဟုပြောရမည်။
svc1
ဂိုးပေးလိုက်ရပြီးနောက် ချယ်လ်ဆီးအသင်း ကစားပုံကောင်းလာပြီး တိုက်စစ်ဆင်လာနိုင်ရာ (၃၄)မိနစ်
တွင် ဟာဇက်၊ မာတာတွဲလုံးမှ မာတာ တစ်ဘက်နောက်တန်းများကို ဖြတ်ကျော်ပြီး ကန်သွင်းလိုက်
သည့်ဘောလုံးကို ဒမ်ဘာဘာက ပိတ်သွင်းပြီး ချေပဂိုးရယူခဲ့သည်။ ယင်းဂိုးမှာ မာတာကောင်းလွန်း
သောကြောင့် ရရှိခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ဒုတိယဂိုးကို ပထမပိုင်းပြီးခါနီးတွင် မော့ဆက်က
ကိုးလ်၏ပေးပို့မှုမှတစ်ဆင့် (၁၅)ကိုက်အကွာအဝေးမှ လှလှပပကန်သွင်းရယူခဲ့သည်။
svc2
ဒုတိယပိုင်းတစ်ပိုင်းလုံးတွင်မူ ချယ်လ်ဆီးကပဲ ဘောလုံးပိုင်ဆိုင်မှုကို အချိန်ပြည့်ထိန်းချုပ်ခဲ့ပြီး
အိမ်ရှင်အသင်းအား နောက်ထပ်(၃)ဂိုးသွင်းပြီး အနိုင်ရလာဒ်ကို  ပြတ်ပြတ်သားသား ဖြစ်စေ
ခဲ့သည်။ (၅၃)မိနစ်တွင် မာတာ၏ ဘယ်တောင်ပံဖြတ်တင်ဘောမှတစ်ဆင့် အိုင်ဗန်နိုဗစ်က
ခေါင်းတိုက်ပြီး တတိယဂိုးကိုလည်းကောင်း၊ မိနစ်(၆၀)တွင် ဟာဇက်၏ပေးပို့မှုမှ ဒမ်ဘာဘာက
စတုထဂိုးကိုလည်းကောင်း သွင်းယူခဲ့ကြသည်။ ယခုပွဲတွင် Man of the Match ရရှိသူ မာတာ
အထူးခြေစွမ်းပြခဲ့ပြီး (၂)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သည်။ နောက်ဆုံးဂိုးကိုတော့ လမ်းပတ်က
ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ပြီးပြိုင်ပွဲ အရပ်ရပ်တွင် သွင်းဂိုး(၁၉၃)ဂိုးဖြင့် အသင်း၏ ဒုတိယ
အများဆုံးဂိုးသွင်းကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ဆောက်သမ်တန်အသင်း၏
တိုက်စစ်မှာ မိနစ်(၇၀)ကျော်တွင် ဒေးဗီးစ်နှင့် ရီဒါတို့၏ နှစ်ဆင့်ဆက်တိုက်ကန်သွင်းချက်များကို
တန်ဘူလ် ပိတ်ဆို့နိုင်သည်မှ လွဲ၍စိတ်ဝင်စားစရာမရှိပေ။
svc3
ပွဲကိုခြုံငုံသုံးသပ်ရပါက ပထမပိုင်းမိနစ်(၂၀)ခန့်မှလွဲ၍ အသင်း၏ ကွင်းလယ်နှင့် တိုက်စစ်ဆင်ကစား
ပုံမှာ ပြောစရာမရှိအောင် ကောင်းမွန်သည်ကို တွေ့ရသည်။ အထူးသဖြင့် အသင်းနှင့် အချိန်အနည်းငယ်
သာလေ့ကျင့်ခန်းဆင်းခဲ့ရပြီး အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်လာကာ (၂)ဂိုးသွင်းယူနိုင်ခဲ့သည့်
ဒမ်ဘာဘာကို ချီးကျူးရမည်ဖြစ်သည်။ နောက်ချီးကျူးရမည့်ကစားသမားမှာ မာတာဖြစ်ပြီး ၄င်းခြေစွမ်း
မပြနိုင်သည့် ပွဲများတွင် အသင်းအနေဖြင့် ရုန်းကန်ရသည်ကို သတိထားမိသည်။  ဘင်နီတက်ဇ်က
ယခုပွဲတွင် တောင်ပံတိုက်စစ်များကို အားပြုခဲ့ပြီး ပုံမှန်ညာတောင်ပံတွင်ကစားနေသည့် ဟာဇက်ကို
ဆောက်သမ်တန်အသင်း အားနည်းသည့် ဘယ်အခြမ်းသို့ပို့ကာ တိုက်စစ်ဆင်ကစားခဲ့သည့် နည်းဗျူဟာ
အလုပ်ဖြစ်ခဲ့သည်ဟု ပြောရမည်။ ထို့ပြင် မာတာအား တိုက်စစ်မှူး၏နောက် ကွင်းလယ်တွင် free role
အဖြစ်စိတ်ကြိုက်ကစားစေခဲ့၍ ယခုကဲ့သို့ဖန်တီးမှုများ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။
FA ဖလားစတုထအဆင့် မဲခွဲမှုများကို တနင်္ဂနွေတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Breaking News >>ချယ်လ်ဆီးနှင့်ဒမ်ဘာဘာတို့ သဘောတူညီမှုရရှိ

DB
ချယ်လ်ဆီးအသင်းနှင့် တိုက်စစ်မှူး ဒမ်ဘာဘာတို့သည် အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိသွားပြီ
ဖြစ်ကြောင်း နယူးကာဆယ်နည်းပြ အလန်ပါဂျူးက Sky Sports သို့ပြောကြားလိုက်သဖြင့် ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ပျက်ပြယ်သွားသည်ဆိုသည့် သတင်းကို အဆုံးသတ်သွားခဲ့သည်။
အလန်ပါဂျူးက ” သဘောတူညီမှုကပြီးသွားပါပြီ၊ သူချယ်လ်ဆီးကိုသွားပါတော့မယ်၊ အဲ့ဒီအတွက် သူ့ကို
အကောင်းဆုံးဆုတောင်းပေးလိုက်ပါတယ်” ဟု Sky Sports အားပြောကြားခဲ့ခြင်းဖြစ်သည်။
Bab
ယင်းသို့ပြောကြားမှုမတိုင်မီ နယူးကာဆယ်အသင်းက ချယ်လ်ဆီး၏ ကမ်းလှမ်းမှုကိုရရှိကြောင်းနှင့် ကစား
သမားနှင့်ပြောဆိုခွင့်ပြုကြောင်း၊ ယင်းအတွက်ကြောင့် ယနေ့ EPL ပွဲစဉ်တွင် အမည်ထည့်သွင်းထား
ခြင်းမရှိကြောင်းတရားဝင် ကြေညာခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လစာငွေကိစအဆင်မပြေသဖြင့်
ပျက်ပြယ်သွားပြီဟု သတင်းများထွက်လာခဲ့သော်လည်း ယခုအခါ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီး
အသင်းမှ နယူးကာဆယ်သို့ ပေါင်(၇)သန်းနှင့် ကစားသမားကို တစ်ပတ်လုပ်ခ (၇)သို့(၈)သောင်းပေး
ပေးချေရဖွယ်ရှိသည်။ ထို့ပြင် ပွဲထွက်ခွင့်နှင့် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဆုကြေးများလည်း ပေးရဖွယ်
ရှိကြောင်း သိရှိရသည်။
ဒမ်ဘာဘာ – ယခင်ကလပ် (နယူးကာဆယ်)
၂၀၁၁-၂၀၁၂ >>ပြိုင်ပွဲအရပ်ရပ်(၃၆)ပွဲကစား၊ (၁၆)ဂိုးသွင်း
၂၀၁၂-၂၀၁၃ >>ပြိုင်ပွဲအရပ်ရပ် (၂၂)ပွဲကစား၊ (၁၃)ဂိုးသွင်း

လမ်းပတ်သာ ထွက်ခွာသွားရင် ချယ်လ်ဆီးမှာ ကျောနံပါတ်(၈)ကို အနားပေးသင့်တယ် # တယ်ရီ

ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက အကယ်၍ အသင်းမှ ကွင်းလယ် ကစားသမား ဖရန့်လမ်းပတ်သာ ထွက်ခွာသွားပါက ၎င်း၏ ကျောနံပါတ် (၈)ကို အနားပေး ဂုဏ်ပြုရန် ထိုက်တန်ကြောင်း ထောက်ခံ ပြောဆိုလိုက်သည်။
စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် (၁၂)နှစ်မျှ အလုပ်အကျွေး ပြုခဲ့သော ဝါရင့် ကစားသမားကြီးသည် ယခု ဇန်နဝါရီတွင်ပင် အသင်းမှ ထွက်ခွာရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိနေသည်။ လမ်းပတ်၏ အေးဂျင့် ကိုယ်တိုင်ကလည်း အသက်(၃၄)နှစ်ရှိ ကစားသမားကို ချယ်လ်ဆီးက စာချုပ်သစ် ကမ်းလှမ်းလာမှု မရှိကြောင်း ဝန်ခံထားခဲ့သည်။
lampard and terry
ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်သည် လမ်းပတ်ကို စာချုပ်သစ် ချုပ်ဆိုရန် ကိစ္စကို ငြင်းပယ်ထားကြောင်း သိရသည်။ တယ်ရီက နှစ်ရှည်လများ လက်တွဲ ကစားလာသည့် လမ်းပတ်ကို ချယ်လ်ဆီးက ထိုက်တန်စွာ ဂုဏ်ပြုသင့်ကြောင်း မှတ်ချက်ပြုသွားသည်။
Webstagram Accountတွင် တယ်ရီက လမ်းပတ်သာ အသင်းတွင် မရှိတော့ပါက ၎င်း၏ ကျောနံပါတ်ကို ထာဝရ အနားပေးလိုက်သင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ “ဖျက်လိုဖျက်ဆီး စကားတွေဟာ လျှော့တွက်နေတာပဲ ဖြစ်လိမ့်မယ်။ တကယ်ဆိုရင် ကျွန်တော်တို့ဟာ လမ်းပတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျောနံပါတ် (၈)ကို အနားတောင် ပေးလိုက်သင့်ပါတယ်”ဟု တယ်ရီက ရေးသားခဲ့သည်။ လမ်းပတ်သည် ချယ်လ်ဆီးမှ ထွက်ခွာဖြစ်ပါက အီတလီ ကလပ်အသင်း တစ်ခုခုနှင့် စာချုပ်ဖြစ်မည်ဟု သတင်းများက ဖော်ပြလျှက် ရှိသည်။

ချဲလ်ဆီးသို့ပြောင်းရွေ့တော့မည်ဟုပြောကြားလိုက်သည့်TAISON


article-2255957-16B923A9000005DC-702_636x443
ချဲလ်ဆီးသည် မက်တဲလစ်ခါဘီမှအသက်၂၄နှစ်ရှိ တိုက်စစ်အားသန် ဘရာဇီးကွင်းလယ်ကစားသမား Taisonအားခေါ်ယူစာချုပ်တော့မည်ဟု
Dailymailမှဖော်ပြသွားခဲ့သည်။ ကာယကံရှင်ကိုယ်တိုင်မှလည်း မကြာခင်ချဲလ်ဆီးသို့ သွားရောက်တော့မည်ဟု
ပြောကြားလိုက်ပြီဖြစ်သည်အတွက် စတမ်းဖို့ဘရဒ်သို့နောက်ထက် လူငယ်ဘရာဇီးကစားသမားတယောက်
ရောက်ရှိလာတော့မည်ဖြစ်သည်။  မကြာခင်အသင်းသို့ရောက်လာရှိလာတော့မည် အဆိုပါကစားသမားအား
နိင်ငံအသင်းဖော်အော်စကာမှ ၎င်းအား ကြိုဆိုသည့်ဂုဏ်ပြုပွဲတခုလုပ်ပေးဦးမည်ဟု ပြောကြားလိုက်သည်။
Taisonသည် ယခင်အင်တာနေစီယွန်တွင်အော်စကာနှင်အတူ ကာလကြာရှည်စွာ လက်တွဲလာကြသူများဖြစ်ကြပြီး
တယောက်အကြောင်းတယောက်နားလည်ကြ သူများလည်းဖြစ်ကြသည် ၎င်းနောက် အော်စကာမှာ
ချဲလ်ဆီးသို့ပြောင်းရွေ့သွားပြီးနောက် Taison မှာလည်းယူကရိန်းကလပ် မက်တဲလစ်သို့ ပြောင်းရွေ့သွားသည်။
ယခုအခါစတမ်းဖို့ဘရက်ဒ်တွင် အဆိုပါသူငယ်ချင်း၂ယောက်မှာ ပြန်လည်လက်တွဲခွင့်ရကြတော့မည်ဖြစ်သည်ဟု Dailymail မှဖော်ပြသွားပါသည်။

လမ်းပက် ဟီးရိုး ဖြစ်ခဲ့သည့် ချဲလ်ဆီးအသင်း၏ အနိုင်ရလဒ် # အဲဗာတန် ၁-၂ ချဲလ်ဆီး


ပရီးမီးယားလိဂ် ပွဲစဉ် (၂၀)၏ စူပါဆန်းဒေး အစောပွဲစဉ် အဖြစ် အဲဗာတန် အသင်းနှင့် ချဲလ်ဆီး အသင်းတို့ ဂွဒ်ဒီဆင်ပက် တွင် ရင်ဆိုင် ကစားခဲ့ကြသည်။ ယနေ့ပွဲတွင် ချဲလ်ဆီး အသင်းသည် ကစားရခက်ခဲသည့် အဲဗာတန် အသင်း၏ အိမ်ကွင်းတွင် အဖိုးတန် ရမှတ်များ ရယူနိုင်ခဲ့ပြီး ဝါရင့် ကွင်းလယ်လူ လမ်းပက်၏ ခြေစွမ်းပြမှုဖြင့် အနိုင်ရလဒ် ဖန်တီးနိုင်ခဲ့သည်။ အဲဗာတန် အတွက် ပီးနားက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် လမ်းပက်၏ သွင်းဂိုး နှစ်ဂိုးဖြင့် ချဲလ်ဆီး အသင်း ၂ဂိုးတစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။
lampard goal vs everton
အိမ်ရှင် အဲဗာတန် အသင်းတွင် ဖယ်လိုင်နီ ပွဲပယ် ပြစ်ဒဏ် ကျခံနေရသဖြင့် တိုက်စစ်မှုး ဂျီလာဗစ် အား အန်နီချီဘီ နှင့် တွဲပေးခဲ့သည်။ ကွင်းလယ်တွင် ဟစ်ပါဂါ၊ ပီးနား၊ နေးစမစ်၊ အော့စမန် တို့အား ပွဲထွက်စေခဲ့ပြီး ခံစစ်လူများဖြစ်သည့် ဟိုင်တင်ဂါ၊ ဒစ်စတင်၊ ဘိန်းနှင့် ဂျာဂျီကာ တို့အား ဂိုးသမား ဟောင်းဝပ် ကို ကာကွယ်စေခဲ့သည်။ ဧည့်သည် ချဲလ်ဆီးတွင်တော့ တိုက်စစ်မှုး တောရက်စ်ကို မာတာ၊ ဟာဇတ်၊ လမ်းပက်၊ ရာမီးရက်စ်၊ လူးဝစ် အစရှိသည့် ကွင်းလယ်ဖြင့် ထောက်ပံ့စေခဲ့သည်။ ခံစစ်တွင် ဂိုးသမား ပီတာဆက်ခ်ျ အား အက်ဇပီလီကျူတာ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ ကိုးလ် တို့ဖြင့် ကာကွယ်စေသည်။
ယနေ့ပွဲတွင် အဲဗာတန် အသင်းသည် ၎င်းတို့၏ အိမ်ကွင်းပွဲစဉ် ဖြစ်သည်နှင့် အညီ တိုက်စစ်အားပြု ကစားခဲ့ကာ (၂) မိနစ် အကြာတွင်ပင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ ဂျာဂျီကာ၏ ဖြတ်တင်ပေးပို့မှု မှ တဆင့် အန်နီချီဘီ ခေါင်းတိုက် ခဲ့ရာတွင် တိုင်မှန်ထွက်လာခဲ့ပြီး အနီးတွင် ရှိနေသည့် ပီးနား က အပိုင် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ အိမ်ကွင်းပွဲစဉ်များတွင် အထူးခြေစွမ်း ပြလေ့ ရှိသည့် အဲဗာတန် သည် ဦးဆောင်ဂိုး လွယ်လွယ်ကူကူ ရသွားခဲ့သော်လည်း တိုက်စစ် ကို လျှော့ချခဲ့ခြင်း မရှိပဲ ပွဲချိန် (၈) မိနစ်တွင် အဲဗာတန် အသင်း ဒုတိယ ဦးဆောင်ဂိုး ရမလို ဖြစ်ခဲ့သေးသည်။ သို့သော်လည်း ဂျီလာဗစ်၏ အလွတ်တည်ကန်ဘော ကို တိုက်ရိုက် ကန်သွင်းခဲ့မှု တိုင်မှန်ထွက်ခဲ့၍ ချဲလ်ဆီး အသင်း ကံကောင်းခဲ့ရသည်။
pieneer
ထို့နောက်ပွဲချိန် များတွင်လည်း အဲဗာတန် အသင်းကသာ ကွင်းလယ်ကို ထိန်းချုပ်ထားပြီး ချဲလ်ဆီး အသင်းဖက်သို့ ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့သည်။ အထူးသဖြင့် နေးစမစ်၊ ပီးနား၊ အန်နီချီဘီ တို့၏ တကိုယ်တော် ထိုးဖောက်မှုများအား ချဲလ်ဆီး ခံစစ်မှုးများ ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။ ဖယ်လိုင်နီ မပါဝင်ခဲ့၍ တိုက်စစ်မှုး ဂျီလာဗစ် ရုန်းကန်နေခဲ့ရသည်ကို တွေ့ရပြီး ရရှိလာသည့် အမြင့်ဘောများကို အသုံးချနိုင်ခြင်း မရှိပဲ အိုင်ဗန်နိုဗစ်၊ ကာဟေးလ် တို့ ထိန်းချုပ်ခြင်းကို ခံနေခဲ့ရသည်။ ပွဲချိန် (၂၇) မိနစ်တွင် တောင်ပံ နှစ်ဖက်မှ ဖြတ်တင်ဖန်တီးမှုများ ဆက်တိုက် ပြုလုပ်၍ အိမ်ရှင် အသင်း တိုက်စစ်ဆင် ကစားခဲ့ရာတွင် ဂိုးသွင်းခွင့်များ ရရှိခဲ့ပြီး အော့စမန် ဂိုးဧရိယာ ထိပ်မှ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာ ပီတာဆက်ခ်ျ လက်စွမ်းပြ ပုတ်ထုတ် ခဲ့သဖြင့် ချဲလ်ဆီး အသင်း ထောင့်ကန်ဘောသာ ပေးခဲ့ရခြင်း ဖြစ်သည်။
lampard
ပွဲချိန် (၃၀) မိနစ် ဝန်းကျင်တွင် ချဲလ်ဆီး အသင်း ပွဲကို စိုးမိုး လာခဲ့ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင် ခဲ့သည်။ ပွဲချိန် (၃၂) မိနစ်တွင် မာတာ၊ တောရက်စ် တို့၏ တိုက်စစ်အတွဲမှ တဆင့် အက်ဇပီလီကျူတာ၏ ဖန်တီးပေးပို့မှုကို အက်ရှလေကိုးလ် အပိုင် ပိတ်သွင်းရန် ကြိုးစားခဲ့ပေမယ့် ခြေလှမ်းနောက်ကျ နေခဲ့သဖြင့် အပိုင် တစ်ဂိုးနစ်နာ ခဲ့ရသည်။ နောက် (၃) မိနစ် အကြာတွင် အိမ်ရှင် အဲဗာတန် အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဂျီလာဗစ် ကန်ချက်ပြင်းပြင်းဖြင့် ဂိုးရယူရန် ကြိုးစားခဲ့ရာ ပီတာဆက်ခ်ျ လက်စွမ်းပြ ပုတ်ထုတ်ကာကွယ် ခဲ့သည်။ ပွဲချိန် (၄၁) မိနစ်တွင်တော့ ချဲလ်ဆီး အသင်း ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ တောရက်စ်၏ ပေးပို့မှုမှ တဆင့် ရာမီးရက်စ် ထပ်ဆင့် ဖန်တီးဖြတ်တင်ပေး ခဲ့သည်ကို အသင်းခေါင်းဆောင် လမ်းပက်က နေရာယူမှန်မှန်ဖြင့် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်း ပြန်လည် စတင်ခဲ့ရာတွင်တော့ ချဲလ်ဆီး အသင်းမှ ဂိုးသမား ပီတာဆက်ခ်ျ ဒဏ်ရာ ရသွားခဲ့သဖြင့် တန်ဘူးလ် ကို ထည့်သွင်း ကစားခဲ့သည်။ ပွဲချိန် ဒုတိယပိုင်းတွင်လည်း အိမ်ရှင် အသင်းကပင် ကစားကွက် အသာစီး ရခဲ့ပြီး ပွဲကို စိုးမိုးနိုင်ခဲ့သည်။ သို့သော်လည်း ထိရောက်သည့် ဂိုးသွင်းခွင့် များကိုမူ နှစ်သင်းလုံး ဖန်တီးနိုင်မှု နည်းပါးခဲ့သည်။ အဲဗာတန် အသင်းတွင် အန်နီချီဘီနှင့် ဂျီလာဗစ် တို့ အတွဲမမိခဲ့သလို ချဲလ်ဆီး အသင်းတွင်လည်း တိုက်စစ်မှုး တောရက်စ် ပုံမှန်ခြေစွမ့်း ပြနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် (၅၃) မိနစ်တွင် လူးဝစ်၏ ဖန်တီးမှုမှ တဆင့် တောရက်စ် ဂိုးပေါက်နှင့် အနီးကပ်တွင် ဂိုးသွင်းခွင့် ရခဲ့ရာ ဘောလုံးထိန်းသိမ်းမှု မသေချာခဲ့သဖြင့် အပိုင် ဂိုးသွင်းခွင့် တစ်ခု နစ်နာခဲ့ရသည်။
ထို့နောက်ပိုင်း မိနစ် များတွင် အိမ်ရှင် အသင်း၏ တိုက်စစ် ပိုမို ပြင်းထန် လာခဲ့ပြီး ချဲလ်ဆီး အသင်းကမူ တန်ပြန် တိုက်စစ်ကို ပုံဖော်လာခဲ့သည်။ ပွဲချိန် ((၆၇) မိနစ်တွင် တောရက်စ်၏ အမှတ်မထင် ကန်သွင်းချက် ဟောင်းဝပ် လက်စွမ်းပြ တားဆီးခဲ့သည်။ ပွဲချိန် (၆၈) မိနစ်တွင် အိမ်ရှင် အဲဗာတန် အသင်း ဦးဆောင်ဂိုး ရရန် နီးစပ်ခဲ့သည်။ ကွင်းလယ်လူ အော့စမန်၏ ကန်သွင်းချက် တန်ဘူးလ် ပုတ်ထုတ် ကာကွယ်ခဲ့ရသလို ဆက်တိုက်ပင် နောက်ခံလူ ဘိန်းစ်၏ ခြေစွမ်းပြ ဖန်တီးမှုမှ တဆင့် ဂျီလာဗစ် ဂိုးပေါက်နှင့် အနီးကပ် ခေါင်းတိုက် ဂိုးသွင်းခဲ့ရာ ဂိုးဘားတန်း မှန်သွားခဲ့၍ ချဲလ်ဆီး အသင်း ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ပွဲချိန် (၇၂) မိနစ်တွင် ချဲလ်ဆီး အသင်းက တန်ပြန် တိုက်စစ်မှ တဆင့် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးကိုတော့ အဲဗာတန် ဂိုးဧရိယာထဲ ရှုပ်ထွေးနေစဉ် မာတာ၏ ကန်သွင်းချက် ဟောင်းဝပ် ပုတ်ထုတ်ခဲ့သည်ကို ကွင်းလယ်လူ လမ်းပက် က အပိုင် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။
ချဲလ်ဆီး အသင်း ဦးဆောင်ဂိုး ရပြီးနောက် လူစားလဲမှု များ နှစ်သင်းလုံးပြုလုပ် ခဲ့ကြပြီး အဲဗာတန် အသင်းဖက်မှ ပီးနား၊ နေးစမစ်နှင့် ဟစ်ပါဂါ အစား အိုဗီဒို၊ ဗဲလိစ်ယော့စ်နှင့် ဘာကလေတို့ ဝင်ကစားခဲ့သည်။ ချဲလ်ဆီး အသင်းတွင်မူ အီဒင် ဟာဇတ် အစား ဗစ်တာမော့ဆက်စ် ဝင်ရောက် ကစားခဲ့ပြီး တိုက်စစ် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ အရှုံးရလဒ်နှင့် ရင်ဆိုင်နေရ၍ အိမ်ရှင် အဲဗာတန် အသင်း တိုက်စစ်ကို ပိုမို တင်ကစားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ချဲလ်ဆီး ခံစစ်ကို ဖိအားပေးခဲ့သည်။ သို့သော်လည်း ချဲလ်ဆီး အသင်း၏ ခံစစ်ကို ဖြတ်ကျော်နိုင်ရန် ရုန်းကန်နေခဲ့ရပြီး ကွင်းလယ်တွင်သာ အချိန် ကုန်နေခဲ့သည်။ ပွဲချိန် မိနစ် (၈၀) ကျော်တွင် ချဲလ်ဆီး အသင်းမှ မာတာ အစား အော်စကာ ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်အင်အား တိုးမြှင့်ခဲ့သည်။ ချဲလ်ဆီး အသင်း၏ အပြောင်းအလဲ မှန်ကန်ခဲ့ပြီး ပွဲပြီးဆုံးရန် နီးကပ်လာချိန်တွင် အဲဗာတန် အသင်း၏ ကွင်းလယ်ကို စိုးမိုး ကစားနိုင်ခဲ့ကာ ပွဲအနိုင်ရလဒ်ကို ထိန်းချုပ် နိုင်ခဲ့ကြသည်။ ပွဲချိန် နောက်ဆုံးမိနစ် နောက်ဆုံး အချိန်တွင် ဘိန်းစ်၏ ခြေစွမ်းပြ ဖန်တီးမှုမှ တဆင့် ဂျီလာဗစ် ဂိုးပေါက်နှင့် အနီးကပ် အပိုင် ဂိုးသွင်းခွင့် ရခဲ့ပေမယ့် ကန်ချက် မတိကျခဲ့တာကြောင့် အိမ်ရှင် အသင်း အရှုံးရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသည်။




လိဂ်မန်နေဂျာများအသင်းမှ ချီးမြှင့်သည့် တစ်ပတ်အတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်မှုဆုကို ဘင်နီတက်ဇ်ရရှိ

rb3
အက်စ်တွန်ဗီလာအား အိမ်ကွင်းတွင် (၈)ဂိုး ပြတ်နိုင်ခဲ့သည့်ပွဲစဉ်ကြောင့် လိဂ်မန်နေဂျာများအသင်း
(League Managers Association – LMA) မှချီးမြှင့်သည့် ပြီးခဲ့သည့်တစ်ပတ် အကောင်းဆုံး
စွမ်းဆောင်နိုင်မှုဆုကို ဘင်နီတက်ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့တွင် ဆုချီးမြှင့်ခြင်းကို
အသင်း၏လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ရာ ဘင်နီတက်ဇ်အား ခရစ်တယ်လ် ဘောလုံးရုပ်ထု
ပေးအပ်ခဲ့ပါသည်။
ယင်းဆုကို ပြီးခဲ့သည့် တစ်ပတ်တွင်းယှဉ်ပြိုင်ခဲ့သည့်  EPL အပါအ၀င် Division အသီးအသီး၏
ပွဲစဉ်များထဲမှ အကောင်းဆုံးစွမ်းဆောင်နိုင်ပွဲစဉ်အား LMA ဥကဌ Howard Wilkinson၊ အဖွဲ့ဝင်
Sir Alex Ferguson, Joe Royle, Dave Bassett၊ Barry Fry တို့က ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်သည်။ ဘင်နီတက်ဇ်က”ဆုလက်ခံရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်၊ တကယ်တော့
ဒီဆုကိုကစားသမားတွေရရမှာပါ၊ သူတို့ရဲ့ ခြေစွမ်းပြမှုကြောင့်ဆိုရင် မမှားပါဘူး”ဟု ဆုလက်ခံရရှိအပြီး
ပြောကြားခဲ့သည်။
ဘင်နီတက်ဇ်သည် အသင်းကို ယာယီတာဝန်စယူချိန်မှစ၍ ယခုအချိန်အထိ ပြိုင်ပွဲအရပ်ရပ် (၁၀)ပွဲ
ကိုင်တွယ်ခဲ့ရာတွင် (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့်ထားပြီး အနိုင်(၆၀%)မှတ်တမ်းရရှိထားပါသည်။

 

လူးဝစ်၏ ခြေစွမ်းပြမှုကြောင့် ပွဲထွက်ခွင့်အတွက် စိန်ခေါ်မှုဖြစ်လာကြောင်း မီခေးလ်ပြောကြား

ml
ဗဟိုခံစစ်နေရာမှ ကွင်းလယ်ခံစစ်နေရာသို့ ပြောင်းဆော့လာပြီး ခြေစွမ်းပြနေသည့် လူးဝစ်ကြောင့်
၎င်း၏ပုံမှန်ပွဲထွက်ခွင့်နေရာမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း မီခေးလ်က ၀န်ခံပြောကြားခဲ့သည်။
မီခေးလ်က “ပုံမှန်ကျွန်တော် တွဲဖက်ကစားရတာ ဖရန့်နဲ့ပါ၊ နောက်ပိုင်း ရာမီးရက်စ်နဲ့ပေါ့၊ အခုတော့
လူးဝစ်နဲ့ပါ တွဲကစားရတော့မယ့်အနေအထားပဲ၊ ပွဲထွက်ကစားဖို့တော့ ပိုကြိုးစားရမှဖြစ်မယ်၊ ဒါပေမယ့်
ဘယ်သူနဲ့ပဲတွဲကစားရ သူ့တို့အားလုံးက တကယ်ကိုတော်တဲ့ကစားသမားတွေဆိုတော့ ကျွန်တော့်
အတွက်တော့ ပြသနာမရှိပါဘူး’ ဟု ပြောကြားခဲ့သည်။
လူးဝစ်သည်  ပြီးခဲ့သည် ရက်ပိုင်းများအတွင်း လမ်းပတ်၊ ရိုမီယူတို့ ဒဏ်ရာကြောင့် ပွဲမကစားနိုင်စဉ်
မီခေးလ်မှာလည်း (၃)ပွဲပယ်ပြစ်ဒဏ်ကျခံသောကြောင့် ဘင်နီတက်ဇ်၏ ယုံကြည်မှုဖြင့် ကွင်းလယ်
ခံစစ်နေရာတွင် ရာမီးရက်စ်နှင့်အတူ ခြေစွမ်းပြခဲ့သူဖြစ်သည်။ မီခေးလ်၊ လမ်းပတ်တို့ အသင်းအတွင်
ပြန်လည်ကစားပေးနိုင်ပြီဖြစ်သော်လည်း နည်းပြက ၄င်းအား ဆက်လက်ယုံကြည်စွာသုံးစွဲနေ၍
မီခေးလ်က ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ လူးဝစ်ယခုကဲ့သို့ ကလပ်အသင်း၏ကွင်းလယ်
တွင် ခြေစွမ်းပြနေသော်လည်း ဘရာဇီးလ်အသင်းကမူ ၄င်းအား ဗဟိုခံစစ်နေရာတွင်းသာ ရွေးချယ်
မည်ဟုပြောထားသည်။ အသက်(၂၅)နှစ်ရှိ ဘရာဇီးလ်ကစားသမားသည် ယခုနှစ်ဘောလုံးရာသီတွင်
လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် (၄)ဂိုးသွင်းယူပေးထားပါသည်။

ဒမ်ဘာဘာအား ပေါင်(၇)သန်းဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်း ရေပန်းစားနေ

ba
လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် နယူးကာဆယ်တိုက်စစ်မှူး ဒမ်ဘာဘာအား ပြောင်းရွှေ့ကြေး
ပေါင်(၇)သန်းဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်းက ရေပန်းစားနေကြောင်း The Telegraph
သတင်းစာက ဖော်ပြခဲ့သည်။ နယူးကာဆယ်မန်နေဂျာ အလန်ပါဂျူးကလည်း ကစားသမားနှင့်
နောက်တစ်နှစ်တွင် ကုန်ဆုံးမည့် စာချုပ်အား သက်တမ်းတိုးရန် အဆင်မပြေပါက ရောင်းထုတ်
ရမည့်အနေအထားဖြစ်ကြောင်း ၀န်ခံပြောကြားထားသည်။ ထို့ပြင် ၄င်း၏နေရာအစားထိုးရန်
မာဆေးလ်အသင်းမှတိုက်စစ်မှူး Loic Remy အားချိတ်ဆက်ထားကြောင်း သိရှိရသည်။
အသက်(၂၇)နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးသည် ၂၀၁၁ ခုနှစ်တွင် ၀က်စ်ဟမ်းအသင်းမှ
ပြောင်းရွေ့ကြေး ပေါင်(၂.၅)သန်း၊ (၃)နှစ်စာချုပ်ဖြင့် နယူးကာဆယ်အသင်းသို့ရောက်ရှိလာပြီး
ယင်းစာချုပ်တွင် ၄င်းအားပေါင်(၇)သန်းပေးချေပါက လက်လွှတ်ရမည့် release clause ချုပ်ဆို
ထားကြောင်း သိရှိရသည်။ ထို့အပြင် အပြောင်းအရွှေ့ဖြစ်ပါက ၄င်းအား တစ်ပတ်လုပ်ခအဖြစ်
ပေါင်(၇၀၀၀၀)ပေးချေရမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် ဖယ်လ်ကာအိုအား ခေါ်ယူရန်
ကြိုပမ်းနေသော်လည်း ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်း၊ ကစားသမား(၄)နှစ်စာလခပေါင်(၁၅)သန်း
စုစုပေါင်းပေါင်သန်း(၆၀)ခန့် အသုံးပြုရဖွယ်ရှိနေ၍ အခြားတိုက်စစ်မှူးများကိုလည်း အရန်အနေဖြင့်
ရှာဖွေဖြစ်နေခြင်းဖြစ်သည်။ ဒမ်ဘာဘာအား အာဆင်နယ်အသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းလျှက်
ရှိနေကြောင်း သိရှိရသည်။
ဒမ်ဘာဘာ(နယူးကာဆယ်)
၂၀၁၁-၂၀၁၂>>(၃၄)ပွဲကစား၊ (၁၆)ဂိုး
၂၀၁၂-၂၀၁၃>>(၂၀)ပွဲကစား၊ (၁၃)ဂိုး

ချဲလ်ဆီးအပါဝင် အသင်းကြီးတသင်းသို့သာ ၀ီလီယျံပြောင်းရွေ့လို

william_shaktar_turco-e1339854293889
ချဲလ်ဆီးသည်အသင်း၏ ဇန်န၀ါရီကစားသမားအပြောင်းရွေ့တွင် ခေါ်ယူရန်ပစ်မှတ်ထားနေသော ဘရာဇီးလက်ေ၇ွးစင်
ဝီလီယျံသည် မိမိသည် အသင်းကြီးတသင်းသို့သာပြောင်းရွေ့လိုသည်ဟု..ပြောကြားလိုက်သည်။
အဆိုပါကွင်းလယ်တိုက်စစ်အားသန်ကစားသမားသည် ဇန်န၀ါရီအပြောင်းရွေ့တွင် ကြီးမားသောပြောင်းရွေ့
ကြေးတရပ်ဖြင့် မိခင်ကလပ်မှ ထွက်ခွာသွားနိင်ကြောင်း သတင်းများကဖော်ပြသည်။
အဆိုပါနွေရာသီအပြောင်းရွေ့တွင် ဖြစ်နိင်ချေမှာ ပရီးမီးယားလိပ်ကလပ် ချဲလ်ဆီးအသင်းမှာ နံပတ်တစ်ရေပန်းစား
လျက်ရှိနေသည်။ ယခင်နည်းပြဟောင်း ဒီမက်တီယိုလက်ထက်ကပင် ပြေင်းရွေ့ကြေး ၂၅သန်းဖြင့်
ရောက်ရှိရန် ရေပန်းစားခဲ့သည်။
အခုကျွန်တော်ဒီမှာပျော်ရွင်နေပါတယ်…ကျွန်တော်ကိုချဲလ်ဆီးကမြင်းမားတဲ့ပြောင်းရွေ့ကြေးနဲ့
သဘောကျနေပါတယ်..ကျွန်တော်ဒါကိုလက်ခံပါတယ် ….ဒါပေ့မယ်အနည်းငယ်သောပြောင်းရွေ့ကြေး
နဲ့ဆိုရင်တော့ကျွန်တော် လက်မခံနိင်ပါဘူး….အခုကျွန်တော်ကိုအသင်းကလဲသဘောကျနေတုန်းပါပဲ
ဒါကြောင့်ခုချိန်မှာအသင်းအတွက်အကောင်းဆုံး ကြိုးစားပေးလိုပြီး သူတို့အသင်းမှာကျွန်တော်ကိုဆက်ရှိနေစေ
ခြင်လားဆိုတာကို..စောင့်ကြည့်ရပါဦးမယ်ဟု
ESPN.COMအားဝီလီယျံမှ…ပြောကြားခဲ့သည်။

စပါးဘယ်နောက်ခံလူအားပေါင်၅သန်းဖြင့်ခေါ်ယူရန်နီးစပ်လာသည့်ချဲလ်ဆီး


article-2252467-12514CA6000005DC-563_468x373
ချဲလ်ဆီးအသင်းသည်စပါးမှအသက်၂၈နှစ်ရှိကင်မရွန်းလက်ရွေးစင်Benoit Assou-ekottoအား ပေါင်၅သန်းဖြင့်ခေါ်ယူရန်
နီးစပ်လျှက်ရှိနေသည်ဟု Dailymail ကဖော်ပြသွားသည်။ ချဲလ်ဆီးအသင်းသည် အဆိုပါဘယ်နောက်ခံလူအား
အက်ရှလေးကိုနေရာအား အစားထိုးအသုံးပြုမည်ဟု သတင်းများကဖော်ပြသည်။
၎င်းအသင်းသို့ရောက်ရှိလာပါက ချဲလ်ဆီးအသင်းတွင် ဘယ်နောက်ခံလူတဦးထက်တိုးလာဖွယ်ရှိပြီး
လူငယ်ကစားသမားတဦးဖြစ်သည့် ဘက်ထရန့်နှင့်အပြိုင်ကြိုးစားရဖွယ်ရှိနေသည်။
Benoitသည်လက်ရှိဒူးဒဏ်ရာကြောင့် စပါးအသင်း၏ပွဲစဉ်များအား လွဲချော်လက်ရှိနေသည်။
ချဲလ်ဆီးသည်ဆောက်သန်တန်မှအသက်၁၇နှစ်ရှိ ဘယ်နောက်ခံလူLuke Shawအားလည်းထက်မံ ခေါ်ယူ၇န်နီးစပ်လျက်ရှိနေသည်ဟုလည်း
ဖော်ပြသည်။ ၎င်းအသင်းသို့ထက်မံရောက်ရှိလာပါက ချဲလ်ဆီးအသင်းတွင်နောက်ခံ လူငယ်ကစားသမားများဖြင့်နောင်
တွင်မြင်တွေ့ရဖွယ်ရှိနေပြီဖြစ်သည်။

ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်ဆဲပါ # ဘင်နီတက်ဇ်

ချယ်လ်ဆီးအသင်း မန်နေဂျာ ရာဖေး ဘင်နီတက်ဇ်က မိမိတို့ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်ဆဲဟု ပြောကြားလိုက်သည်။
အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် မန်ချက်စတာ ယူနိုက်တက်ထက် (၁)ပွဲလျော့ ကစားကာ (၁၁)မှတ် ကွာဟနေဆဲ ဖြစ်သည့်တိုင် ချယ်လ်ဆီးသည် ချန်ပီယံဆုအတွက် အမီလိုက်နိုင်ဆဲဟု ဘင်နီတက်ဇ်က ဆိုသည်။ ချယ်လ်ဆီးသည် နောက်ဆုံး ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အကောင်းဆုံး စွမ်းဆောင်ရည်ဖြင့် အက်စတွန်ဗီလာကို (၈-၀)ဖြင့် အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယား တတိယ နေရာထိ တက်လာခဲ့သည်။ ယခုအခါ ဘင်နီတက်ဇ် လက်အောက်တွင် တည်ငြိမ်မှု ရရှိလာသော အသင်းသည် နောက်ဆုံးကစားသည့် (၆)ပွဲ၌ (၅)ပွဲထိ အနိုင်ရလာခဲ့သည်။ ချယ်လ်ဆီးသည် Boxing Day ပွဲစဉ်တွင် နောဝစ်ခ်ျနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
chelsea
စပိန်သား မန်နေဂျာကြီးက “နောက်ထပ် (၂)ပွဲ၊ (၃)ပွဲလောက် ကစားပြီးရင် အလားအလာတွေကို တွက်လို့ ရလာ ပါပြီ။ ကျွန်တော်တို့ အသင်းဟာ ယုံကြည်မှု ပြည့်ဝနေသလို အသင်းသားတွေက အဆုံးထိ တိုက်ပွဲ ဝင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ခိုင်ခိုင်မာမာ တွေးခေါ်လာကြပြီ။ အသင်းရဲ့ ကစားပုံက လှုပ်ရှားမှု ညက်ညောပြီး အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအနေအထားကို ထိန်းညှိထားရပါမယ်။ ဒါမှလည်း ကျွန်တော်တို့ အကောင်းဆုံး ဆက်ပြီး ယှဉ်ပြိုင်နေနိုင်မှာပါ”ဟု ပြောကြားသွားသည်။
ဘင်နီတက်ဇ် လက်အောက်တွင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် ဂိုးပြန်သွင်းလာနိုင်ကာ နောက်ဆုံး (၆)ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။ ထို့အပြင် ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝစ်မှာလည်း ကွင်းလယ်တွင် ကစားရင်း ပိုမို ခြေစွမ်းပြလာနိုင်သည်။ ဘင်နီတက်ဇ်က “လူးဝစ်ရဲ့ ဗျူဟာ အပြောင်းအလဲအပေါ် ကျွန်တော်တို့ ဂရုတစိုက် သုံးသပ်ရပါမယ်။ သူက တကယ်လည်း အဆင်ပြေပြေ သက်တောင့်သက်သာ ကစားနိုင်မလား ဆိုတာရောပေါ့။ သူ့အနေနဲ့ အဆင်ပြေတယ် ဆိုရင်တော့ ဒီနေရာမှာ ပိုပြီး ပွဲများများ ကစားဖြစ်စေမှာပါ”ဟု ပြောဆိုသွားခဲ့သည်။

ဗီလာကို အငှားခေါ်ယူရန် စီစဉ်နေသည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းသည် ဇန်နဝါရီ ဈေးကွက် ကာလတွင် ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ် ဗီလာအား အငှားခေါ်ယူသွားရန် စိုင်းပြင်းနေကြောင်း သိရှိရသည်။
ချယ်လ်ဆီး အသင်းကို ရာသီကုန်ထိ တာဝန်ယူ ကိုင်တွယ်နေသော စပိန်သား မန်နေဂျာ ရာဖေး ဘင်နီတက်ဇ်သည် ဈေးကွက် ဖွင့်ချိန်တွင် ဗီလာအတွက် ချဉ်းကပ်ရန် အသင့် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဗီလာသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက Club World Cup ကစားရင်း ခြေထောက်ကျိုးသွားရာ ယခုဘောလုံးရာသီ အစပိုင်းထိ အနားယူခဲ့ရသည်။ ၎င်းသည် လတ်တလောတွင် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာသည့်တိုင် နည်းပြ တီတို ဗီလန်နိုဗာ ကိုင်တွယ်နေသော အသင်းတွင် အရန်အဖြစ်သာ ကစားနေရသည်။
villa
ဗီလာကို ဘာစီလိုနာ အသင်းက ဆက်လက် ထိန်းသိမ်းထားမည်ဟု ကြေညာထားသည့်တိုင် ၎င်းကို ဥရောပ ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေသည်။ အဓိက ပြဿနာမှာ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၁၀၀၀၀)မျှ ရရှိနေသည့် ဗီလာအား လက်တွေ့ ကမ်းလှမ်းရန် ခက်ခဲနေခြင်း ဖြစ်သည်။ ဘင်နီတက်ဇ်သည် ဗီလာကို ရာသီကုန်ထိ အငှားကမ်းလှမ်းရန် ဆန္ဒရှိနေပြီး ယင်းအနေအထားဖြင့် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို ဖိအားပေးသွားရန် ရည်ရွယ်ထားသည်။ ချယ်လ်ဆီးသည် တိုက်စစ်မှူး ဒင်နီရယ် စတားရိုက်ကို လီဗာပူးထံ ရောင်းထုတ်သွားမည် ဖြစ်ရာ ဇန်နဝါရီ ဈေးကွက်တွင် ရှေ့တန်းလူ တစ်ဦးကို အစားထိုး ဝယ်ယူရန် စီစဉ်ထားသည်။
လတ်တလောတွင် ချယ်လ်ဆီးသည် ဘေယာလေဗာ ကူဆင် အသင်းမှ စွယ်စုံရ လူငယ် တိုက်စစ်သမား အင်ဒရီ ရှာရဲကို ပစ်မှတ်ထားနေသလို ရှက်တာဒိုးနက်မှ ဝီလျံ၊ အက်သလက်တီကို မက်ဒရစ်မှ ရာဒါမယ် ဖယ်ကာအိုနှင့် နယူးကာဆယ် ယူနိုက်တက်မှ ဒမ်ဘာဘားတို့ကိုလည်း ဆက်သွယ်နေဆဲ ဖြစ်သည်။
Source:DailyMail

လမ်းပတ်ကို အပြာရောင် ဂန္ဓ၀င်တေးသွားတွေထဲ အမြဲရှိစေချင် (ကို Frank Chelseaသို့ ပေးစာ)

407277_444818125566770_863458836_n
ကိုဖရန့်ရေ
ကျွန်တော် ဒီညတော့ ကိုဖရန့် သဘောကျတဲ့ လမ်းပတ်နဲ့ ပတ်သက်ပြီး ပြောချင်သွားလို့ အခုလို ချရေးလိုက်မယ်တယ်။
ဒီကနေ့ညပွဲကတော့ အလန်းလွန်လို့ အလွန်လန်းခဲ့ပါတယ် ကျွန်တော်တို့ ဘယ်လိုဘဲ စိတ်ညစ်ခဲ့ရသည် ဖြစ်စေ ဒီကနေ့ည ဘင်နီတက်စ်ရဲ့ ကစားကွက်ထဲ အတိအကျ ချယ်ဆီးရဲ့ First Line Up တစ်ခုလုံး အံဝင်ခွင့်ကျ ရောက်လာခဲ့လို့ အခုလိုမျိုး ဒီရာသီရဲ့ သမိုင်းတစ်ခုကို စိုက်ထူလိုက်နိုင်တာလဲ ဖြစ်ပါတယ်။
ဒီကနေ့ပွဲကတော့ အားလုံးအတွက် အကောင်းဆုံး ဖြစ်ခဲ့သလို ကစားသမား အားလုံးဟာလည်း မတူခြားနားစွာဘဲ တက်ကြွလန်းဆန်းနေခဲ့ကြတယ်။ ဒါဟာ ဆေးရုံကို သွားပြီး ခရစ်စမတ်အကြို ပရဟိတ သွားလုပ်ခဲ့ကြတဲ့ ဒါန အကျိုးလို့တောင် မှတ်ယူရဖွယ် ရှိပါတယ်။
ဒီကနေ့ပွဲကတော့ ကျွန်တော် အပါအ၀င် ချယ်ဆီးဖန်တွေ အားလုံး တကမ္ဘာလုံးမှာ ရှိတဲ့ ချယ်ဆီးချစ်သူတွေ အားလုံး မြန်မာပြည်တ၀ှမ်းမှာ ရှိတဲ့ ချယ်ချယ်ဖန်တွေ အားလုံး CFCM မှာ ရှိကြတဲ့ ချယ်ချယ်သူရဲကောင်းတွေ အားလုံး ၀မ်းသာပိတိ ဂွမ်းဆီထိခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။
တကယ်တော့ ဒီကနေ့ပွဲဟာ ကစားသမားတိုင်း အမှားအတော်လေး ကင်းကင်းနဲ့ ခြေစွမ်းပြသွားခဲ့ကြပါတယ်။ အားမရသေးတဲ့ တောရက်စ်ခြေစွမ်းကို ကျွန်တော် ခဏမေ့ပြီး ကျန်အပိုင်းတွေ အားလုံးကို ချီးကျူးဂုဏ်ပြုလိုက်ချင်တာပါ။
8Untitled1
တကယ်တော့ ဒီကနေ့ပွဲဟာ ချယ်ဆီးရဲ့ ကွင်းလယ်ဗိုလ်ချုပ် မဟာသူရဲကောင်းကြီး ဖရန့်လမ်းပတ်ကို ကျောက်တိုင်ထူပြီး ဂုဏ်ပြုသင့်တဲ့ပွဲလို့ ကျွန်တော်ပြောရင် စာရှုသူတွေ အတော်များများဟာ လက်ခံကြမယ်လို့ ယုံကြည်မိပါတယ်။ ကိုဖရန့်ရော လက်ခံမှာလား။
ဒါဏ်ရာတွေကြောင့် အသက်ကြောင့်ဆိုပြီး အသင်းကို စွန့်ခွာရတော့မဲ့ အနေအထားဟာ ရာခိုင်နှုန်း ၉၀ လောက်ကို ရှိနေပြီဖြစ်တဲ့ ဖရန့်လမ်းပတ်ကို ကျွန်တော်ဟာ အသင်းရဲ့ ဂန္ဓ၀င်ဖြစ်စေချင်တဲ့ စိတ်တစ်ခုထဲနဲ့တင် စတန်းဖိုဒ့်ဘရစ်မှာ ကစားသမားအဖြစ်ကနေ ရာသက်ပန် အနားယူသည်တိုင် ကမ္ဗည်းမှတ်တိုင် စိုက်ထူလိုက်ချင်တာပါ။
Special goal: Lampard scores on his 500th start for Chelsea
ကိုဖရန့်ရေ ဒီကနေ့ ပွဲမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲပေါင်း ၅၀၀ မြောက် ကစားသူအဖြစ် စံချိန်တင်လိုက်နိုင်သလို အဖိုးတန်ပြီး လှပလွန်းတဲ့ ဂိုးတစ်ဂိုးကိုပါ သူ့ရဲ့မူအတိုင်း သွင်းယူပေးခဲ့တဲ့ လမ်းပတ်အတွက် သူကိုယ်တိုင် မမေ့နိုင်တဲ့ အမှတ်တရရက်စွဲ တစ်ခု ဖြစ်သွားမယ်ဆိုတာ မလွဲပါဘူး။ သူ့ရဲ့ တိကျတဲ့ အကောင်းဆုံး ဂိုးတွေထဲက တစ်ဂိုးလို့ ဆိုရင်လည်း မမှားပါဘူး။
ဒီနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘယ်အသင်းကိုမဆို သွားရောက်ကစားခွင့်ရတော့မဲ့ လမ်းပတ်ကို အသင်းကြီး အသင်းငယ် တော်တော်များများဟာ အလိုရှိနေကြပါတယ်။ ဒီအချိန်မှာ ကျွန်တော် ပြောလိုက်ချင်တာက လမ်းပတ်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ဆိုတဲ့ စကားကို မြူမှုန်လောက်တောင် မပြောနဲ့ဗျာလို့ဘဲ ပြောလိုက်ချင်ပါတယ်။
ချယ်ဆီးနဲ့ လက်တွဲလာတဲ့ သက်တမ်း ၁၂ နှစ် ဆီကို ရောက်ရှိနေပြီ ဖြစ်တဲ့ လမ်းပတ်ဟာ လန်ဒန်ပြိုင်ဘက် ၀က်စ်ဟမ်းကနေ ချယ်ဆီးကို ပြောင်းရွှေ့လာခဲ့သူပါ ဒါပေမဲ့ သူရဲ့ အကောင်းဆုံး ရာသီတွေကို ချယ်ဆီးမှာ ကုန်ဆုံးစေခဲ့ပြီး စတန်းဖိုဒ့်ဘရစ်မှာ သူရဲ့မှတ်ကျောက်က ရှိနေခဲ့တာဆိုရင် ကျွန်တော် ပြောတာ နည်းသွားလေမလား။ ကမ္ဘွာှ့စင်မြင့်ဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးဆုရဲ့ ဇကာတင်စါရင်းမှာ ပါခဲ့ဖူးသလို Best Runner Up လည်း ဖြစ်ခဲ့ဖူးပြီးသားပါ။ ကိုဖရန့်က လမ်းပတ်အသည်းစွဲဆိုတော့  ဒါကို ပိုပြီး သိမှာပါ။
Best in the world: Lampard was runner up to Ronaldinho in the FIFA World Player of the year award in 2005
ဒီတော့ဗျာ ကျွန်တော်တို့ ချယ်ဆီးပရိသတ်များရဲ့ အသည်းကျော် ဖရန့်လမ်းပတ်ကို အပြာရောင် အားပေးသူ သက်သက်မဟုတ်ဘဲ ရှုထောင့် တစ်ခုကနေ ကြည့်လိုက်မယ်ဆိုရင် နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်ကို လမ်းပတ်ဟာ ချယ်ဆီးကို အလုပ်အကျွေးပြုနိုင်သေးတယ်လို့ ပြောလိုက်ချင်ပါတယ်။ ဒါကို ကိုဖရန့် ပိုသိမှာပါ။
သူရဲ့ နည်းစံနစ်ပိုင်းဟာ အံမခန်းပါဘဲ။ ဒီကနေ့ သူတာဝန်ယူရတဲ့ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ်ပိုင်းကို ဟန်ချက်ညီညီ ထိန်းညီပေးလိုက်နိုင်တဲ့ သူရဲ့ မူလ သန္ဓေတည်ပြီးသား ပါရမီကို တကျော့ပြန် ထုတ်ပြလိုက်တယ်ဆိုတာ အများလည်း တွေ့ကြမှာပါ။ တချိန်က ဘောလက်တို့ ဒရော့ဘာတို့နဲ့ လက်တွဲစဉ်က ပြောရရင် စပယ်ရှယ်ဝမ်း လက်အောက်မှာ ရှိနေစဉ် လမ်းပတ်ကို ပြန်မြင်လိုက်ရတယ်လို့ဘဲ ပြောလိုက်ချင်ပါတော့တယ်။ ကိုဖရန့်နဲ့ အမြင်တူမတူတော့ မသိဘူး ကျွန်တော်ကတော့ ….
ဒါကြောင့် ချယ်ဆီးရဲ့ သခင် ပိုင်ရှင် အေဗရာမိုဗစ်ဟာ ဘာမှကို သိပ်မတွေးဘဲ တယ်ရီလိုဘဲ ဆွေးနွေးပွဲကို စလိုက်ဖို့ တိုက်တွန်းလိုက်ချင်တော့တယ်။
သူဟာ အသင်းတိုင်းမှာ ရှိကြတဲ့ ဂန္ဓ၀င်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်သူဖြစ်တာကြောင့် တယ်ရီနဲ့အတူ နောက်ဆုံး ထွက်သက်တိုင် ချယ်ဆီးဘောလုံးကလပ်ကြီးမှာ ကျွန်တော်အပါအ၀င် ချယ်ဆီးချစ်သူများအားလုံးက ဆန္ဒ တစ်ခုကို ပြင်းပြင်းပြပြ ရှိနေပါတယ်။
ဖရန့်လမ်းပတ် ပါတဲ့ ပွဲတွေမှာ ရှုံးပွဲဆိုတာ ရှားပါးလှပြီး နိုင်ပွဲဆိုတဲ့ စကားရပ်တစ်ခုဟာ အများကြီး အလေးသာခဲ့သူပါ။ ဒါကြောင့် ၃၄ နှစ်ဆိုတဲ့ အသက်အပိုင်းအခြားကို တခဏမေ့လို့ အသင်းကို ဂုဏ်ဆောင်ပေးနေ ပံပိုးပေးနေ ကူညီထောက်မပေးနေတဲ့ အပြာရောင်တို့ရဲ့ ဒုတိယမဏ္ဍိုင်ကြီးကို တစ်နှစ်မလုပ်ဘဲ နောက်ထပ် နှစ်နှစ် သို့တည်းမဟုတ် သုံးနှစ်သာ သက်တမ်း တိုးလိုက်စေချင်ပါတော့တယ်။
ဒါတွေကတော့ ချယ်ဆီးကွင်းလယ်ဗိုလ်ချုပ်ကြီးရဲ့ မှတ်ကျောက်တွေလေ… ကိုဖရန့် ပိုသိမှာပါ။
ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး  -  ၄ ဂိုး
ချယ်ဆီးအတွက် ပြိုင်ပွဲအစုံ သွင်းဂိုး – ၁၃၁ ဂိုး
ဝက်စ်ဟမ်း+ဆွမ်ဆီး+ချယ်ဆီး သွင်းဂိုး – ၁၅၇ ဂိုး
ချယ်ဆီးအတွက် ကစားပေးခဲ့သည့် ပွဲပေါင်း – ၃၈၅ပွဲ
ချယ်ဆီးနှင့်အတူ ရခဲ့သည့် ဖလားများ
ပရီးမီးယားလိဂ်ဖလား – ၃ လုံး
အက်ဖ်အေဖလား – ၄ လုံး
လိဂ်ဖလား – ၂ လုံး
ကွန်မြူနတီဒိုင်း – ၂ လုံး
ချန်ပီယံလိဂ်ဖလား – ၁ လုံး
အခြားသော ဆုတံဆိပ်များ – ၄၂ ခု
File:Frank Lampard8.JPG ကျောနံပါတ် ၈ – ဖရန့်လမ်းပတ်
ခင်မင်ရတဲ့
Blue Hope

ယခုနှစ်EPLဘောလုံးရာသီ ဂိုးအပြတ်ဆုံးစံချိန်နှင့် ခြင်္သေ့ပြာတို့ ဗီလာအားအနိုင်ယူ

CvA
ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)အဖြစ် ချယ်လ်ဆီးအသင်းသည် အက်စ်တွန်ဗီလာအသင်းအား အိမ်ကွင်း
စတန်းဖို့ဒ်ဘရစ်ခ်ျ၌ ဧည့်ခံကစားခဲ့ရာ ယခုနှစ်ဘောလုံးရာသီ EPL ဂိုးပြတ်အနိုင်ဆုံးစံချိန်(၈)ဂိုးသွင်း
ယူခဲ့ကာ တတိယနေရာတွင် ဆက်လက်ရပ်တည်လျှက်ရှိနေသည်။ ယခုပွဲတွင် ဘင်နီတက်က
မီခေးလ်နှင့် ရိုမီယူတို့ ပွဲပယ်/ဒဏ်ရာရ နေ၍ လူးဝစ်ကို လမ်းပတ်နှင့်တွဲဖက်ကာ ကွင်းလယ်ခံစစ်တွင်
ကစားစေခဲ့သည်။ ကွင်းလယ်တိုက်စစ်တွင် ၄င်း၏စိတ်ကြိုက်ဖြစ်သည့် မာတာ၊ ဟာဇက်၊ မော့ဆက်၊
တိုက်စစ်တွင် တောရက်စ်တို့ကို ပွဲထုတ်ခဲ့သည်။ ဧည့်သည် ဗီလာအသင်းတွင် လီဗာပူးအသင်းနှင့်
ကစားခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး  Benteke ကို Weimannနှင့်တွဲဖက်၍ လည်းကောင်း
ကွင်းလယ်တွင် ၀က်စ်ဝုဒ်၊ ဟော်မန်တို့ကို အဓိကထား၍ အိမ်ရှင်အသင်းအား ရင်ဆိုင်ခဲ့သည်။
torr
ပထမပိုင်းပွဲစသည်နှင့်ချယ်လ်ဆီးအသင်း အပေးအယူမှန်စွာဖြင့် တိုက်စစ်စတင်ခဲ့ရာ (၂)မိနစ်
ကျော်လောက်တွင် ဆီဇာ၏ ညာတောင်ပံမှ ဖြတ်တင်ဘောကို တောရက်စ်လှလှပပခေါင်းတိုက်
သွင်းယူပြီး အဖွင့်ဂိုးယူခဲ့သည်။  တောရက်စ်၏ အရင်ခြေစွမ်းပုံစံပြန်ရခြင်းကြောင့် ဂိုးရရှိခြင်းဖြစ်ပြီး
နောက်ဆုံးပြိုင်ပွဲအရပ်ရပ်(၆)ပွဲတွင် (၇)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးသော်လည်း ပွဲကို အိမ်ရှင်
အသင်းကပဲစိုးမိုးခဲ့ပြီး အကြိမ်ကြိမ် ဂိုးပေါက် ကန်သွင်းခွင့်များ ရရှိခဲ့သည်။ (၂၈)မိနစ်တွင် ဧရိယာထိပ်
ရရှိသည့် ပြစ်ဒဏ်ဘောကို ယခုပွဲတွင် Man of the Match ရရှိသည့် လူးဝစ်က အမှားအယွင်းမရှိ
ဂိုးသမားညာဘက်သို့ လှပစွာကန်သွင်းပြီး ဒုတိယဂိုးယူခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် (၃၄)မိနစ်တွင်
ထောင့်ကန်ဘောမှ လျှံထွက်လာသည့်ဘောလုံးကို ကားဟေးလ်ကန် သွင်းရာ ဂိုးသမားပုတ်ထုတ်
လိုက်နိုင်သော်လည်း အိုင်ဗန်နိုဗစ်တည့်တည့်ရောက်ရှိသွား၍ ခေါင်းတိုက်ပြီးတတိယဂိုးကို
သွင်းယူသွားခဲ့သည်။ ဧည့်သည်ဗီလာအသင်း၏ တိုက်စစ်မှာ စိတ်ဝင်စား စရာမရှိလှသလို ကွင်းလယ်ပိုင်း
တွင် ချယ်လ်ဆီးအသင်းကို လုံးယှဉ်ပြိုင်နိုင်ခြင်းမရှိ၍ ပထမပိုင်းတွင်(၃)ဂိုးပြတ် ဦးဆောင်ခံခဲ့ရသည်။
lamp
ဒုတိယပိုင်းတွင်လည်း ချယ်လ်ဆီးအသင်းကစားအားမချပဲ ဆက်လက်တိုက်စစ်ဆင်နေရာ (၅၇)မိနစ်တွင်
မော့ဆက် ဗီလာဂိုးသမားနှင့်တစ်ဦးချင်း အတွေ့ အပိုင်ဂိုးသွင်းကို ဖြုန်းတီးပစ်ခဲ့သည်။ သို့သော်လည်းယင်းမှ
ထွက်လာသည့် ဘောလုံးကို အသင်းခေါင်းဆောင်လမ်းပတ်က ၄င်း၏ Master Piece ဖြစ်သည့် ဧရိယာထိပ်
အပြင်းကန်ချက်ဖြင့် စတုထဂိုးကို သွင်းယူခဲ့သည်။ ယင်းဂိုးမှာ လမ်းပတ်၏ အသင်းအတွက် EPL(၁၃၀)
မြောက်ဂိုး၊ ပြိုင်ပွဲအရပ်ရပ်(၁၉၀)ဂိုး သွင်းယူနိုင်ခြင်းဖြစ်ပြီး အသင်း၏သွင်းဂိုးအများဆုံးကစားသမားအဖြစ်
မှတ်တမ်းဝင်သွားသည်။ ဒုတိယပိုင်းတွင် ဗီလာတိုက်စစ်မှာ တစ်ကြိမ်သာ ဂိုးရရန်နီးစပ်ခဲ့ပြီး ပထမပိုင်းကဲ့သို့
ထိရောက်မှုမရှိခဲ့ပေ။ (၆၂)မိနစ်တွင် ဝေမန်း၏ အပိုင်ကန်သွင်းချက်ကို ချက်လှဲချကာကွယ်သွားနိုင်၍
ယခုပွဲ Clean Sheet ရရှိခဲ့ခြင်းဖြစ်သည်။
cva2
ပွဲမှာအနိုင်သေချာသလောက်ရှိနေပြီဖြစ်သောကြောင့် ဘင်နီတက်ဇ်က လမ်းပတ်အစား၊ ရာမီးရက်စ်၊
တောရက်စ်အစား အော်စကာ၊ မာတာအစား လူးကပ်စ်ပီရာဇွန်တို့ကို ထည့်သွင်းခဲ့သည်။ ယခုနှစ်
အသင်း၏ EPL ပွဲစဉ်များတွင် ဘရာဇီးလ်သား(၄)ယောက် ပထမဆုံးအကြိမ် တွဲဖက် ကစားသည်ကို
မြင်တွေ့ခဲ့ရသည်။ တိုက်စစ်မှူး စစ်စစ်ကိုဖျောက်ကာ ကွင်းလယ်တိုက်စစ်ချည်း ဖြစ်သွား၍ ဗီလာ
နောက်တန်းမှာ အဓိက မည်သူ့ကိုလူကပ်ကစားရန် ဝေခွဲမရဖြစ်နေခဲ့ပြီး ကွင်းလယ်မှ တိုက်စစ်ဆင်
လာမှုကို တောင့်မခံနိုင်တော့ပဲ အဘက်ဘက်မှ ပြိုဆင်းသွားခဲ့သည်။ ရာမီးရက်စ်က (၇၄)နှင့်(၉၀)မိနစ်တို့
တွင်(၂)ဂိုး၊ (၇၈)မိနစ်တွင် အော်စကာက ပင်နယ်တီမှတစ်ဂိုး၊ (၈၂)ဟာဇက်ကတစ်ဂိုး စုစုပေါင်း(၈)ဂိုးဖြင့်
ပြတ်သားစွာအနိုင်ရရှိခဲ့သည်။ ရရှိခဲ့သည့်(၈)ဂိုးတွင် မတူညီသည့်ကစားသမား(၇)ဂိုးသွင်းယူခဲ့ခြင်းသည်။
ဒါတောင် လူးကပ်စ်ပီရာဇွန်၏ ပယ်နယ်တီကန်ချက် ၀င်သွားခဲ့ပါက ယခုထက်ပိုဂိုးပြတ်သွားနိုင်သည်။
8
ပွဲကိုခြုံငုံသုံးသပ်ရပါက ယှဉ်ပြိုင်ခဲ့သည့် ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ယခုပွဲမှာ အသင်း၏
အကောင်းဆုံးခြေစွမ်းဟုပြောနိုင်ပါသည်။ စပါးအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှာ ဒုတိယ
အကောင်းဆုံးဖြစ်သည်။ တိုက်စစ်၊ခံစစ်မျှတသလို ကွင်းလယ်၊ တောင်ပံ၊ တစ်ချက်ထိတို့ဖြင့်
တသမတ်တည်း မရှိပဲ တိုက်စစ်ဆင်ခဲ့၍  ဗီလာခံစစ်ဖရိုဖရဲဖြစ်သွားပြီး ယခုကဲ့သို့ ဂိုးပြတ်
သွားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့်လမ်းပတ်ပြန်လည်ခြေစွမ်းပြနေသလို လူးဝစ်မှာလည်း
ကွင်းလယ်ခံစစ်တွင် အံ့သြအောက်အောင်မွှေနှောက်ကစားသွားသည်။  နောက်ထပ်ချီးကျူးရမည်မှာ
ဘင်နီတက်ဇ်က်လက်ထက် (၆)ပွဲတွင်(၇)ဂိုးသွင်းယူထားသည့် တောရက်စ်ဖြစ်ပြီး ဘင်နီတက်ဇ်၏
တောရက်စ်အပေါ်Unlock လုပ်နိုင်ခဲ့သည့်လျှို့ဝှက်ချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ
ပရိသတ်များအတွက် ခရစ်စမတ်လက်ဆောင်ကိုခြင်္သေ့ပြာတို့ အကောင်းဆုံးရယူပေးနိုင်ခဲ့ကြောင်း
သုံးသပ်မိပါသည်။
christ

စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ဂိုးမိုးရွာစေခဲ့သည့် ဘင်နီတက်ဇ် # ချဲလ်ဆီး ၈-၀ ဗီလာ


ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) စူပါဆန်းဒေး နောက်ကျ ပွဲစဉ် အဖြစ် ချဲလ်ဆီးအသင်းသည် အက်စတွန်ဗီလာ အသင်းအား အိမ်ကွငက်း စတန်းဖို့ဒ်ဘရစ်ခ်ျ တွင် ရင်ဆိုင် ကစားခဲ့ရသည်။ ယနေ့ပွဲတွင်တော့ ချဲလ်ဆီး အသင်းသည် ပြိုင်ဘက် ဗီလာ အသင်းအား အိမ်ကွင်းတွင် ဂိုးမိုး ရွာခဲ့ပြီး ၈ ဂိုးပြတ် အနိုင်ရလဒ် ဖန်တီးခဲ့သည်။ ချဲလ်ဆီး အသင်းအတွက် ဂိုးများကို တောရက်စ်၊ လူးဝစ်၊ အိုင်ဗန်နိုဗစ်၊ လမ်းပက်၊  အော်စကာ၊ ဟာဇတ် တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ရာမီးရက်စ် က (၂) ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။
အိမ်ရှင် အသင်း၌ တိုက်စစ်မှုး တောရက်စ်ကို အထောင် ထားခဲ့ပြီး မာတာ၊ မော့ဆစ်က်၊ ဟာဇတ်၊ လမ်းပက် တို့၏ ကွင်းလယ်ဖြင့် ထောက်ပံ့စေခဲ့ကာ လူးဝစ် ကိုလည်း ကွင်းလယ် ခံစစ် အဖြစ် ကစားစေခဲ့သည်။ နောက်တန်းတွင်တော့ ပီတာဆက်ခ်ျ အား ကာဟေးလ်၊ ကိုးလ်၊ အိုင်ဗန်နိုဗစ်၊ အက်ဇပီလီကျူတာ တို့ဖြင့် ကာကွယ်စေခဲ့သည်။ ဧည့်သည် ဗီလာ တွင် ဗန်တီကီ၊ ဝိန်းမန်း တို့အား တိုက်စစ်တွင် တွဲကစားစေခဲ့ပြီး ကွင်းလယ်မှ ဟာ့ဒ်၊ ဘန်န်၊ ဝက်စ်ဝုဒ် တို့ဖြင့် ထောက်ပံ့စေသည်။ ခံစစ်တွင် ဂိုးသမား ဂူဇန် နှင့်အတူ လောတန်၊ ဘိတ်ကာ၊ ကလာ့ခ်၊ လီချပ်၊ ဟိုးလ်မန်း တို့ဖြင့် ပွဲထွက်စေခဲ့သည်။
torres
အိမ်ရှင် ချဲလ်ဆီး သည် ပွဲစကတည်းက တိုက်စစ်ကို တင်ကစားခဲ့ပြီး ပွဲချိန် (၂) မိနစ်တွင်ပင် ဦးဆောင်ဂိုး သွင်းယူရရှိ ခဲ့သည်။ ချဲလ်ဆီး အသင်းအတွက် ဂိုးကိုတော့ နောက်ပိုင်းပွဲစဉ် များတွင် ပုံမှန်ခြေစွမ်း ရရှိနေသည့် တောရက်စ် က သွင်းယူခဲ့ခြင်း ဖြစ်ပြီး အက်ဇပီလီကျူတာ၏ ဖြတ်တင်ဖန်တီးမှုကို လှလှပပ ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ အဖွင့်ဂိုး ကို စောလျင်စွာ ရရှိခဲ့သော်လည်း အိမ်ရှင် အသင်းသည် ၎င်းတို့၏ တိုက်စစ်ဆင်မှုကို လျှော့ချခြင်း မပြုလုပ်ခဲ့ပဲ ဗီလာ ကွင်းလယ်ကို စိုးမိုး ကစားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြုလုပ်ရန် ကြိုးစားခဲ့သည်။ အထူးသဖြင့် ချဲလ်ဆီး အသင်းသည် ဗီလာ အသင်းဆီမှ ဘောလုံး ပြန်လည် ရရှိချိန်တွင် တန်ပြန် တိုက်စစ်ကို ထိရောက်စွာ ပုံဖော်နိုင်ခဲ့ကာ ပြိုင်ဘက် ဂိုးဧရိယာ ထဲထိ ဆွဲဝင်မှု ပြုလုပ်နိုင်ခဲ့ကြသည်။
luiz
ပွဲချိန် (၂၀) ပိုင်း မိနစ် များတွင် ဒုတိယ ဦးဆောင်ဂိုး ရယူရန် တစ်ဖက်သတ် ဖိအားပေး တိုက်စစ်ဆင်နေသည့် အိမ်ရှင် အသင်း ပွဲချိန် (၂၈) မိနစ်တွင် ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့သည်။ ယင်းဂိုးကိုတော့ ကွင်းလယ်ခံစစ်တွင် ကစားနေသည့် ဒေးဗစ်လူးဝစ် က အလွတ်တည် ကန်ဘောမှ တဆင့် တိုက်ရိုက် သွင်းယူခဲ့ခြင်း ဖြစ်ပြီး လှပစွာ ဂိုးတစ်ဂိုး ဖြစ်စေခဲ့သည်။ ဒုတိယ ဂိုးသွင်းယူခံလိုက်ရပြီး နောက်တွင် ဗီလာ အသင်း ဖိအားဝင်သွား ခဲ့ပြီး အမှားများ နေခဲ့သည်ကို အိမ်ရှင် အသင်းက ထပ်မံ အသုံးချနိုင်ခဲ့ပြီး တတိယ ဂိုး သွင်းယူခဲ့ပြန်သည်။ ယင်းဂိုးကိုတော့ ထောင့်ကန်ဘောမှ တဆင့် အိုင်ဗန်နိုဗစ် ပိတ်သွင်းယူခဲ့သည့် ဘောလုံးကို ဗီလာ ဂိုးသမား ဂူဇန် ပုတ်ထုတ် ခဲ့ရာတွင် အနီးတွင် ရှိနေသော အိုင်ဗန်နိုဗစ် က အဆုံးသတ် ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်း လက်ကျန် မိနစ် များတွင် ဗီလာ အသင်း ကစားအား မြှင့်တင်ခဲ့ပြီး ချေပဂိုးသွင်းယူရန် ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီး ခံစစ်ကို မကျော်ဖြတ်နိုင် ခဲ့သလို ပီတာဆက်ခ်ျ ကို ဖိအားပေးနိုင်စေမည့် ကန်သွင်းချက်မျိုးလည်း မပြုလုပ်နိုင် ခဲ့ချေ။
ပွဲချိန် ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း အိမ်ရှင် ချဲလ်ဆီး ကသာ ပွဲကို စိုးမိုး ထားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင် ခဲ့သည်။ ပွဲစပြီး ၄ မိနစ် အကြာတွင် ကွင်းလယ်လူ မာတာ ဂိုးပေါက်နှင့် အနီးကပ် ကန်သွင်းခဲ့သည်ကို ဗီလာ ဂိုးသမား ဂူဇန် အံ့ဩဖွယ် ပုတ်ထုတ် ကာကွယ်နိုင် ခဲ့ပြီး ဂိုးမပေးရရန် တားဆီးနိုင် ခဲ့သည်။ ဗီလာအသင်း၏ ချေပဂိုး ရယူရန် တိုက်စစ်မြှင့်တင် ကစားမှုကြောင့် အိမ်ရှင်တို့ တန်ပြန် တိုက်စစ်များ ဆက်တိုက် ရရှိသည်ကို တွေ့ရပြီး ဂိုးသွင်းခွင့်များ ပိုမို ရရှိလာခဲ့သည်။ ပွဲချိန် (၅၇) မိနစ်တွင် တိုက်စစ်မှုး တောရက်စ် ထပ်မံ ဂိုးသွင်းယူနိုင် ခဲ့သော်လည်း လူကျွံဘော ဖြစ်နေခဲ့သဖြင့် ဗီလာ အသင်း ကံကောင်း ခဲ့ရသည်။ သို့သော်လည်း နောက်ထပ် (၂) မိနစ် အကြာတွင် အသင်းခေါင်းဆောင် လမ်းပက်က ဂိုးဧရိယာ အပြင်ဘက်မှ တဆင့် ကန်ချက်ပြင်းပြင်းဖြင့် လှပစွာ ဂိုးသွင်းယူခဲ့ပြီး (၄) ဂိုးပြတ်ဖြင့် ပွဲကို ဦးဆောင်နိုင် ခဲ့သည်။
ထို့နောက် လမ်းပက်၊ တောရက်စ်၊ မာတာ တို့ကို မိနစ် အနည်းငယ် ခြား၍ ဆက်တိုက် လူစားလဲခဲ့ပြီး အော်စကာနှင့် ရာမီးရက်ဇ် နှင့် ပီယာဇွန် တို့ကို ထည့်သွင်း ကစားခဲ့ကာ အိမ်ရှင်အသင်းဒ နည်းဗျူဟာ ပြောင်းလဲ ကစားခဲ့သည်။ ပွဲချိန် (၆၃) မိနစ်တွင် အက်စတွန်ဗီလာ အသင်း ချေပဂိုး ရရန် နီးစပ်ခဲ့ပြီး ဝိန်းမန်း၏ ကန်သွင်းချက်အား ပီတာဆက်ခ်ျ ပုတ်ထုတ်ခဲ့ပြီး ဘားတန်း မှန်သွားခဲ့၍ ဧည့်သည် အသင်း ချေပဂိုးနှင့် ဝေးကွာ ခဲ့ရသည်။ ပွဲချိန် မိနစ် (၇၀) တွင် အော်စကာ ဂိုးပေါက်နှင့် အနီးကပ် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက် လွဲချော် သွားခဲ့သည်။ ပွဲချိန် (၇၅) မိနစ်တွင် ချဲလ်ဆီး အသင်း (၅) ဂိုးမြောက် ဂိုးကို သွင်းယူနိုင် ခဲ့ပြန်သည်။
ယင်းဂိုးကိုတော့ လူစားဝင်ကစားသမား များ ဖြစ်သည့် ပီယာဇွန်၏ ဖန်တီးမှုကို ရာမီးရက်ဇ် က အပိုင် အသုံးချခဲ့၍ ဂိုးသမား ခြေထောက်ကြားထဲမှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် ချဲလ်ဆီး အသင်း ပင်နယ်တီ ရရှိခဲ့ပြီး ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည်။ အော်စကာအား ဗီလာ နောက်ခံလူ အဖျက်ကြမ်းခဲ့သည်ဟု ဆိုကာ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အော်စကာ ကပင် အသုံးချ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင် ချဲလ်ဆီး အသင်း၏ ဂိုးသွင်းယူမှု မရပ်တန့်ခဲ့ပဲ ပွဲချိန် (၈၃) မိနစ်တွင် ဂိုးထပ်မံ သွင်းယူခဲ့ပြီး အနိုင်ရလဒ်ကို ပိုမို ပြတ်သားစေခဲ့ပြန်သည်။ ယင်းဂိုးကိုတော့ ကွင်းလယ်လူ ဟာဇတ်က တကိုယ်တော် အစွမ်းပြ သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဂိုးတိုင် အပေါ်ထောင့်သို့ ဝင်သွားခဲ့သည်။ ပွဲချိန် (၈၈) မိနစ်တွင် ချဲလ်ဆီး အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြန်သေးသည်။ ၎င်းကြောင့် ရရှိခဲ့သည့် ပင်နယ်တီကို ပီယာဇွန် ကန်သွင်းခဲ့ရာတွင် ဂိုးသမား ဂူဇန် လက်စွမ်းပြ ပုတ်ထုတ် ခဲ့သဖြင့် (၇) ဂိုးပြတ်ဖြင့် ပွဲပြီးမလို ဖြစ်ခဲ့သည်။ သို့သော်လည်း ကွင်းလယ်လူ ရာမီးရက်ဇ် က ပွဲချိန် အပိုဆောင်း မိနစ်တွင် အပိတ်ဂိုး သွင်းယူခဲ့ပြီး ချဲလ်ဆီးအသင်း အိမ်ကွင်းတွင် (၈) ဂိုးပြတ် အောင်ပွဲ ခံခဲ့သည်





ကပ်ပီတယ်လ်ဝမ်း အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် ချဲလ်ဆီး # လိဒ် ၁-၅ ချဲလ်ဆီး


ကပ်ပီတယ်လ်ဝမ်းဖလား ကွာတားဖိုင်နယ် လက်ကျန် ပွဲစဉ် အဖြစ် လိဒ် အသင်းနှင့် ချဲလ်ဆီး တို့ ရင်ဆိုင် ကစားခဲ့ကြသည်။ ယနေ့ပွဲတွင်တော့ ဂျပန်နိုင်ငံတွင် ရလဒ်ဆိုး ကြုံတွေ့ခဲ့ရသည့် ချဲလ်ဆီး အသင်း လိဒ် အသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် ဒုတိယပိုင်း သွင်းဂိုး များဖြင့် ဂိုးပြတ် အနိုင် ရရှိခဲ့သည်။ ချဲလ်ဆီး အတွက် ဂိုးများကိုတော့ မာတာ၊ အိုင်ဗန်နိုဗစ်၊ မော့ဆက်စ်၊ ဟာဇတ်၊ တောရက်စ် တို့က သွင်းယူခဲ့ပြီး အကြိုဗိုလ်လုပွဲ သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ချဲလ်ဆီး အသင်းသည် ကမ္ဘာ့ကလပ် ချန်ပီယံ ဗိုလ်လုပွဲမှ လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့သည်ကို တွေ့ရပြီး တိုက်စစ်တွင် တောရက်စ်ကို အထောင်ထားခဲ့ကာ မာတာ၊ မာရင်၊ မော့ဆက်စ် တို့အား ကွင်းလယ် တိုက်စစ်တွင် နေရာချ ခဲ့သည်။ လမ်းပက် နှင့် အော်စကာ တို့အား ကွင်းလယ်ခံစစ်တွင် ပွဲထွက်စေခဲ့သည်။ ခံစစ်တွင်တော့ ဂိုးသမား ပီတာဆက်ခ်ျ နှင့်အတူ အက်စ်ပီလီကျူတာ၊ အိုင်ဗန်နိုဗစ်၊ လူးဝစ်၊ ဘတ်ထရန် တို့အား အထိုင်ချခဲ့သည်။
ယနေ့ပွဲတွင် ချဲလ်ဆီး အသင်းသည် လိဒ်အသင်းအား ကစားကွက် အသာစီးဖြင့် ထိထိရောက်ရောက် ထိုးဖောက်နိုင် ခဲ့သည်ကိုတွေ့ခဲ့ရပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သည်။ ပထမပိုင်း ပွဲချိန် များ အတွင်းတွင် ချဲလ်ဆီး သည် အိမ်ရှင် အသင်း၏ တန်ပြန် တိုက်စစ်များကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိ၍ လိဒ် အသင်းအား အခွင့်အရေးပေးနေ ခဲ့သလို ဖြစ်ခဲ့သည်။ ပွဲအစ မိနစ် (၃၀) လုံး ဂိုးပေါက်ကန်သွင်းချက် အသာစီးဖြင့် ကစားခဲ့သော်လည်း လိဒ် အသင်း၏ ဂိုးသမား လက်စွမ်းပြမှုနှင့်အတူ အဖွင့်ဂိုးနှင့် လွဲချော်ခဲ့ရသည့် ချဲလ်ဆီး အသင်း ပွဲချိန် (၃၇) မိနစ်တွင် အိမ်ရှင် အသင်းအား ဦးဆောင်ဂိုးပေးလိုက် ရသည်။ ယင်းဂိုးကိုတော့ လူးဝစ်၏ မှားယွင်းမှုမှ တဆင့် လိဒ် အသင်း တန်ပြန် တိုက်စစ် ဆင်ခွင့်ရရှိခဲ့ကာ အပိုင် အသုံးချခဲ့ခြင်း ဖြစ်သည်။
ဘယ်တောင်ပံ တိုက်စစ်မှ တဆင့် သောမက်စ်၏ ဖန်တီးဖြတ်တင်မှုကို တိုက်စစ်မှုး ဘက်ချီယို အမှားအယွင်း မရှိ အသုံးချခဲ့ပြီး အိမ်ရှင်အတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုး အသွင်းခံခဲ့ရပြီး နောက်တွင်တော့ ချဲလ်ဆီး သည် တိုက်စစ်ကို ယခင်ထက် ပိုမို အားပြုခဲ့ပြီး အိမ်ရှင် အသင်း၏ ဂိုးသမားကို အကြိမ်ကြိမ် ဖိအားပေးခဲ့သည်။ (၄၁) မိနစ်တွင် လမ်းပက်၏ ၂၅ကိုက် အကွာမှ ကန်ချက် ကောင်းမွန် ခဲ့သော်လည်း လိဒ်ဂိုးသမား အက်ရှ်ဒေါင်း ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် မော့ဆက်စ်၏ အဆုံးသတ်မှု ဂိုးဖြစ်ခဲ့သော်လည်း တောရက်စ် လူကျွံနေခဲ့သဖြင့် ချဲလ်ဆီး အသင်း ပထမပိုင်းတွင်ပင် ချေပဂိုး ရရှိမည့် အခွင့်အရေး လွဲချော် ခဲ့ရသည်။
ပွဲချိန် ဒုတိယပိုင်းတွင်တော့ ချဲလ်ဆီး အသင်း၏ ကစားပုံ ပိုမို ကောင်းမွန် လာခဲ့ပြီး တိုက်စစ်ဆင်မှု ပိုမို သွက်လက် လာခဲ့သည်။ ပွဲစပြီး (၂) မိနစ် အကြာတွင်ပင် ချဲလ်ဆီး အသင်း ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ တောရက်စ်၊ မော့ဆက်စ် တို့၏ တွဲလုံးမှ တဆင့် မော့ဆက်စ်၏ ဖန်တီးမှုကို ကွင်းလယ်လူ မာတာ က ဂိုးဧရိယာ ထိပ်မှ အမှတ်မထင် ကန်သွင်းခဲ့ပြီး ချေပခဲ့သည်။ ချေပဂိုး ရပြီးနောက်တွင် အိမ်ရှင်အသင်း၏ ကစားကပုံ အနည်းငယ် ကြမ်းတမ်း လာခဲ့ပြီး ချဲလ်ဆီး ခံစစ်ကို ဟန့်တားရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း ပွဲချိန် ကြာလာသည်နှင့် အမျှ ချဲလ်ဆီး၏ တိုက်စစ်ဆင်မှုကိုသာ ခုခံရင်း ခံစစ် ကစားပုံကို ပြောင်းလဲလာခဲ့သည်။ ပွဲချိန် (၆၀) မိနစ်တွင်တော့ ချဲလ်ဆီး အသင်းမှ ခြေစွမ်းမပြနိုင်သည့် မာရင် အစား ဟာဇတ်ကို ထည့်သွင်းကစားခဲ့သည်။
ဟာဇတ် ဝင်ရောက်ပြီး နောက်ပိုင်းတွင်တော့ ချဲလ်ဆီး အသင်း၏ တိုက်စစ် ကို အိမ်ရှင် အသင်း ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပဲ အနိုင်ဂိုးများ ပေးခဲ့ရသည်။ ပွဲချိန် (၆၄) မိနစ်တွင် လမ်းပက်၏ ထောင့်ကန်ဘောမှ တဆင့် နောက်ခံလူ အိုင်ဗန်နိုဗစ် က အသင်းအတွက် ပထမဦးဆောင်ဂိုး စတင် သွင်းယူခဲ့သည်။ ထို့နောက် (၂) မိနစ် အကြာတွင် ခြေစွမ်းပြ ကစားနေသည့် မော့ဆက်စ် ကိုက် (၂၀) အကွာမှ တဆင့် လှလှပပ ကန်သွင်းခဲ့ပြီး ချဲလ်ဆီး အတွက် ဒုတိယ ဦးဆောင်ဂိုး ရယူခဲ့ပြန်သည်။ ချဲလ်ဆီး အသင်း၏ ဦးဆောင်မှုများ ကို ဆက်တိုက် ကြုံတွေ့လိုက်ရပြီး နောက်တွင်တော့ လိဒ် အသင်းက လူစားလဲမှု သုံးဦးတိတိ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ချဲလ်ဆီး အသင်းဖက်မှလည်း ဘက်ထရန် အစား အက်ရှလေကိုးလ် ကို ထည့်သွင်းခဲ့ပြီး ခံစစ်ကို တောင့်တင်းစေခဲ့သည်။
သို့သော်လည်း ပွဲချိန် မိနစ် (၈၀) ကျော်တွင် ချဲလ်ဆီး အသင်းက ဂိုးများ ဆက်တိုက် သွင်းယူခဲ့ပြန်ပြီး အိမ်ရှင် အသင်းအား ပြတ်ပြတ်သားသား အနိုင် ရယူခဲ့သည်။ ပွဲချိန် (၈၁) မိနစ်တွင် လူးဝစ်၏ ကောင်းမွန်သည့် ဖန်တီးမှုမှ တဆင့် လူစားဝင် ကစားသမား ဟာဇတ် လွတ်ထွက်သွားခဲ့ပြီး လိဒ် ဂိုးသမားနှင့် တစ်ဦးခြင်းအတွေ့ အပိုင် ဂိုးရယူနိုင်ခဲ့သည်။ ထို့နောက် (၂) မိနစ် အကြာတွင် လည်း ဖိအားပေး တိုက်စစ်ဆင်နေသည့် ချဲလ်ဆီး ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူခဲ့သည်။ ၎င်း ဂိုးကိုတော့ ဟာဇတ်၏ အနီးကပ် ဖန်တီးမှု မှ တဆင့် တောရက်စ် က ဂိုးပေါက်နှင့် အနီးကပ် အသာအယာ ပိတ်သွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။

ရီးယဲမက်ဒရစ်ကို ငြင်းဆိုလိုက်ပြီး ချယ်လ်ဆီးသို့ ပြောင်းရွေ့ရန် ဖယ်လ်ကာအိုက သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်

fa2
ယနေ့ထွက်ပေါ်လာသည့် သတင်းများအရ ချယ်ဆီးအသင်းနှင့် ပူးပေါင်းဖို့ အက်တလီကို တိုက်စစ်မှူး
ရာဒါမယ်ဖယ်လ်ကာအိုက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
လာမည့် ဆောင်းရာသီ အပြောင်းအေ၇ွှ့ကာလဖြစ်သော ဇန္န၀ါရီလအတွင်း ဖယ်လ်ကာအိုသည်
ချယ်ဆီးအသင်းသို့ အမြင့်ဆုံးသော နိုင်ငံတကာ အပြောင်းအရွှေ့ဈေးကွက် တစ်ခုဖြင့် ရောက်ရှိသွားဖွယ်
ရှိသည်ဟုလည်း သတင်းများက ဖော်ပြလျက် ရှိနေကြသည်။ ဖယ်လ်ကာအိုသည် ရီးယဲမက်ဒရစ်ကိုလည်း
စိတ်ဝင်စားသော်လည်း ဥရောပ ချန်ပီယံအသင်းထံသို့သာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သည်။
ယမန်နေ့ညက အက်တလီကိုမက်ဒရစ်အသင်း၏ ဂန္ဓ၀င်ကစာသမား ပေါ်လ်လိုဖူထရီက
ရီးယဲမက်ဒရစ်ကိုသာ ဖယ်လ်ကာအိုအနေဖြင့် ပြောင်းရွှေ့လိုက်ပါက မက်ဒရစ်တွင်
အခြေချနေကြသည့် ၄င်း၏ မိသားစုတွင် စိတ်ရှုပ်စရာ အိမ်မက်ဆိုးတွေနဲ့ ရင်ဆိုင်လာရဖွယ်
ရှိသည်ဟု သတိပေးသွားခဲ့သည်။
မြို့ခံပြိုင်ဘက် အသင်းဖြစ်သော ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ပါက အားပေးသူများ၏ စိတ်ညိုညင်မှုကို
ရရှိသွားနိုင်သည့်အတွက် အဆိုပါ ကိုလံဘီယာတိုက်စစ်မှူးသည် ၄င်း၏ အခြားရွေးချယ်မှုအဖြစ်
ချယ်လ်ဆီးကို ယခုလို ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြခဲ့ကြသည်။
(သတင်းကိုထပ်မံအတည်ပြု ဖော်ပြပေးသွားပါမည်။)
Bluehope ပေးပို့ရေးသားချက်ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။








ကမ္ဘာ့ကလပ်ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် ဥရောပချန်ပီယံ # ကိုရင်သီယံ ၁-၀ ချဲလ်ဆီး


ကမ္ဘာ့ကလပ် ချန်ပီယံ ဗိုလ်လုပွဲ အဖြစ် ချဲလ်ဆီးနှင့် ကိုရင်သီယံ အသင်းတို့  ဂျပန်တွင် ရင်ဆိုင် ကစားခဲ့ကြသည်။ ယနေ့ပွဲတွင်တော့ ဥရောပ ချန်ပီယံချဲလ်ဆီး အသင်းသည် ကိုရင်သီယံ အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ရပြီးကမ္ဘာ့ကလပ် ချန်ပီယံဆုဖလား နှင့် လွဲချော် ခဲ့ရသည်။ ကိုရင်သီယံ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှုး ဂွီရဲယိုး က ပွဲချိန် မိနစ် (၆၉) တွင် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။
ချဲလ်ဆီး တွင် တိုက်စစ်မှုး တောရက်စ် ကို မာတာ၊ ဟာဇတ်၊ မော့ဆက်စ် တို့နှင့် တွဲပေးခဲ့ပြီး ကွင်းလယ်ခံစစ်တွင် ရာမီးရက်စ်၊ လမ်းပက် တို့ကို အသုံးပြု ခဲ့သည်။ ခံစစ်တွင်တော့ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ လူးဝစ်၊ ကိုးလ် တို့ကို တွေ့ရပြီး ပီတာဆက်ခ်ျ ကို ဂိုးပေါက်တွင် တာဝန်ပေးခဲ့သည်။ ကိုရင်သီယံ တွင်တော့ တိုက်စစ်မှုး ဂွီရဲယိုး ကို အထောင်ထားပြီး ကွင်းလယ်တွင် ဒန်နီလို၊ အီတာဆန်၊ ဟင်းနရစ်၊ ရဲလ်ဖ်၊ ပေါ်လင်ဟို တို့ကို အထိုင် ချခဲ့သည်။ ခံစစ်တွင်တော့ ဂိုးသမား ကက်စီယိုနှင့် အတူ အလက်ဇန္ဒရိုး၊ ချီကာအို၊ ပေါ်လိုအန်ဒရေ၊ ဖာဘီယို ဆန်းတို့စ် တို့ကို ပွဲထွက်စေသည်။
ပွဲချိန် ပထမပိုင်းတွင် နှစ်သင်းလုံး ထိရောက်သည့် ဂိုးကန်သွင်းချက်မျိုး အနည်းအကျဉ်းသာ ပြုလုပ်နိုင် ခဲ့ပြီး ဘောလုံး အပျက်များနေခဲ့သည်။ ကိုရင်သီယံ အသင်းက တွဲလုံးများဖြင့် ချဲလ်ဆီး ခံစစ်ကို ထိုးဖောက်ရန် ကြိုးစား ခဲ့သလို၊ ချဲလ်ဆီး အသင်းကလည်း အမှန်မထင် အမြင့်ဘော ထိုးဖောက်မှု များမှ တဆင့် တောရက်စ် ဆီသို့ ပေးပို့၍ ဂိုးရယူရန် ကြိုးစား ခဲ့သည်။ ပွဲချိန် ၂၅ မိနစ် ရောက်ခဲ့သည်အထိ ကိုရင်သီယံ ကွင်းလယ်လူ ပေါ်လင်ဟို၏ အဝေးကန်ချက် နှစ်ကြိမ်သာ ဂိုးပေါက် ကန်ချက် အဖြစ် တွေ့ခဲ့ရသည်။ သို့သော်လည်း ၎င်းကွင်းလယ်လူ၏ ကန်ချက် နှစ်ကြိမ်လုံး ဂိုးပေါ်မှ ကျော်သွားခဲ့၍ ပီတာဆက်ခ်ျ ကို ဖိအားမပေးနိုင် ခဲ့ချေ။ ကိုရင်သီယံ အသင်းသည် ၎င်းတို့ ရရှိသည့် တန်ပြန် တိုက်စစ်များကို အပေးအယူဖြင့် ထိုးဖောက်ရန်ထက် တကိုယ်တော် ထိုးဖောက်ရန် ကြိုးစား နေခဲ့သဖြင့် ချဲလ်ဆီး အသင်းအတွက် သက်သာရာ ရခဲ့သည်။
ပွဲချိန် (၂၇) မိနစ် ခန့်တွင် ကိုရင်သီယံ တိုက်စစ်မှုး ဂွီရဲယိုး တကိုယ်တော် ထိုးဖောက်မှုကို ကာဟေးလ် ခက်ခက်ခဲခဲ တားဆီးခဲ့ရပြီး ယင်းတိုက်စစ်မှုး လဲကျ သွားခဲ့ရာတွင် ပင်နယ်တီ တောင်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ပယ်ချ ခဲ့၍ ချဲလ်ဆီး အသင်း ပင်နယ်တီ ပေးရမည့် အခြေအနေမှ လွတ်ကင်းခဲ့ရသည်။ ပွဲချိန် (၃၅) မိနစ်တွင် ကိုရင်သီယံ အသင်း ဦးဆောင်ဂိုး သွင်းနိုင် ခဲ့မလို ဖြစ်ခဲ့သည်။ ဂွီရဲယိုး၏ ထိုးဖောက်မှုကြောင့် ချဲလ်ဆီး ခံစစ် ဖရိုဖရဲ ဖြစ်ခဲ့ပြီး အနီးကပ် ကန်သွင်းချက် ဂိုးမတည့်ခဲ့၍ ကိုရင်သီယံ အသင်း အဖွင့်ဂိုးနှင့် လွဲချော် ခဲ့ရသည်။ ထို့နောက်ပိုင်းတွင်တော့ ဥရောပ ချန်ပီယံတို့ ဂိုးသွင်းခွင့်များ ဆက်တိုက် ရယူနိုင် ခဲ့သည်။ လမ်းပက်၏ ဖန်တီးမှုမှ တဆင့် တောရက်စ် လှလှပပ ဘောလုံးထိန်းခဲ့ပြီး ကန်သွင်းယူခဲ့ရာတွင် ဂိုးသမား ကက်စီယို ဖမ်းယူနိုင်ခဲ့သည်။ ဆက်တိုက် ဆိုသလို မော့ဆက်စ် ဂိုးဧရိယာ ထိပ်မှ တဆင့် ဂိုးသွင်းရန် ကြိုးစား ခဲ့မှု ကက်စီယို လက်စွမ်းပြ ပုတ်ထုတ် ခဲ့ပြန်သဖြင့် ချဲလ်ဆီး တို့ အဖွင့်ဂိုးနှင့် လွဲခဲ့ရသည်။ ထို့နောက် (၂) မိနစ် အကြာတွင် ကွင်းလယ်လူ မာတာ ဂိုးဧရိယာ ထိပ်မှ မြေမကျ ကန်သွင်းခဲ့ပြန်သော်လည်း ကက်စီယို ကပင် လက်စွမ်းပြ အမိ ဖမ်းယူခဲ့သဖြင့် ပထမပိုင်း ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး လူစာရင်း အပြောင်းအလဲ မပြုလုပ်ခဲ့ပဲ ပွဲကို စတင်ခဲ့ကြသည်။ ပွဲအစပိုင်း မိနစ် များတွင် နှစ်သင်းလုံး တိုက်စစ်ထက် ကွင်းလယ်တွင် ဘောလုံး မပျက်ရန် ဦးတည် ကစားခဲ့သည်ကို တွေ့ရပြီး ဂိုးကန်ချက် မပြုလုပ်နိုင် ခဲ့ကြချေ။ ပွဲချိန် (၅၃) မိနစ်တွင်တော့ ချဲလ်ဆီး အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဦးဆောင်ဂိုး သွင်းယူနိုင်ရန် အခွင့်အရေး ရရှိခဲ့သည်။ မာတာ၏ အကွက်မြင် ဖန်တီးမှုမှ တဆင့် ဟာဇတ် တစ်ဦးတည်း လွတ်သွားခဲ့ပြီး ဂိုးသွင်းရန် ကြိုးစား ခဲ့မှု ကိုရင်သီယံ ဂိုးသမား လက်စွမ်းပြ တားဆီး ခဲ့သဖြင့် ချဲလ်ဆီး အသင်း အပိုင် ဂိုးတစ်ဂိုး နစ်နာ ခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ကိုရင်သီယံ အသင်း၏ တိုက်စစ် ကစားပုံ ပိုမို ထက်မြက် လာခဲ့ပြီး ဂွီရဲယိုး၊ ဒန်နီလို၊ ဟင်းနရစ် တို့၏ တိုက်စစ် တွဲလုံးများက လူးဝစ်နှင့် ကာဟေးလ် ခံစစ် အတွဲကို ဖရိုဖရဲ ဖြစ်စေ ခဲ့သည်။ ပွဲချိန် (၆၅) မိနစ်နှင့် (၆၇) မိနစ်တို့တွင် နှစ်သင်းလုံး ဂိုးသွင်းခွင့် အသီးသီး ရရှိခဲ့သေးသည်။ ချဲလ်ဆီး အသင်းအတွက် မော့ဆက်စ်၊ ကိုရင်သီယံ အတွင် ဂွီရဲယိုး တို့ ယင်းအခွင့်အရေး များကို ဖြုန်းတီးပစ်ခဲ့ကြ၍ ဂိုးမရှိ သရေရလဒ် တည်ငြိမ် ခဲ့ပြန်သည်။
ပွဲချိန် (၆၉) မိနစ်တွင်တော့ တိုက်စစ် ကို ပိုမို အားပြု ကစားခဲ့သည့် ကိုရင်သီယံ အသင်း ယခုပွဲ၏ တစ်လုံးတည်းသော အနိုင် ဂိုးကို သွင်းယူနိုင် ခဲ့သည်။ ၎င်း ဂိုးကိုတော့ ပေါ်လင်ဟို၊ ဒန်နီလို တိုက်စစ် အတွဲ ချဲလ်ဆီး ဂိုးဧရိယာ ထဲထိ ဆွဲဝင် ထိုးဖောက်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းချက် ပီတာဆက်ခ်ျ ကာကွယ် ခဲ့သော်လည်း မြောက်တက်လာသည့် ဘောလုံးကို ဂွီရဲယိုး က အပိုင် ခေါင်းတိုက် အဆုံးသတ် ခဲ့ခြင်း ဖြစ်သည်။ ကိုရင်သီယံ အသင်းတွင် ဒန်နီလို ခြေစွမ်း ပြနိုင် ခဲ့သည်ကို တွေ့ရပြီး အိုင်ဗန်နိုဗစ်အား ပွဲချိန်ပြည့် ဖိအားပေးနိုင် ခဲ့သည်။ ပွဲချိန် (၇၂) မိနစ်တွင်တော့ ချဲလ်ဆီး အသင်းမှ မော့ဆက်စ် အစား အော်စကာ ကို ထည့်သွင်း ကစားခဲ့ပြီး ကွင်းလယ် အပြောင်းအလဲ ပြုလုပ် ခဲ့သည်။ သို့သော်လည်း ထိရောက်သည့် ထိုးဖောက်မှု ပြုလုပ်နိုင် ခဲ့ခြင်း မရှိပဲ ပွဲချိန် (၈၂) မိနစ်တွင် လူစာရင်း ထပ်မံ အပြောင်းအလဲ ပြုလုပ်ခဲ့ကာ အိုင်ဗန်နိုဗစ် အစား အက်စပီလီကျူအား ထည့်သွင်း ကစားခဲ့သည်။
ပွဲချိန် (၈၅) မိနစ်တွင် ချဲလ်ဆီး အသင်း ချေပဂိုး ရနိုင်မည့် အပိုင် အခွင့်အရေး ရခဲ့သည်။ ကိုရင်သီယံ ဂိုးဧရိယာ ထဲသို့ အမြင့်ဘော ထိုးဖောက်မှုမှ တဆင့် တိုက်စစ်မှုး တောရက်စ် လွတ်လွတ်ကျွတ်ကျွတ် ဂိုးပေါက်နှင့် အနီးကပ် ကန်သွင်းခဲ့ရသော်လည်း အသုံးမချနိုင် ခဲ့ပဲ ဂိုးသမား၏ တားဆီးခြင်းကို ခံခဲ့ရသည်။ ထို့နောက် ဆက်တိုက် ဆိုသလို ကိုရင်သီယံ အသင်းမှ အနိုင်ဂိုးသွင်းယူခဲ့သူ ဂွီရဲယိုး ကို လူစားလဲခဲ့သလို ချဲလ်ဆီး အသင်းမှလည်း ဟာဇတ် အစား မာကိုမာရင် ကို ထည့်သွင်း ကစားခဲ့သည်။ ကိုရင်သီယံ အသင်းသည် ပွဲချိန် နောက်ဆုံး မိနစ် များတွင် ခံစစ်တွင် အထိုင်ချပြီး ချဲလ်ဆီး အသင်း၏ ထိုးဖောက်မှု များကို ဖျက်ထုတ်နေခဲ့၍ ဥရောပ ချန်ပီယံ အသင်း ဂိုးသွင်းခွင့်ရရန် ခက်ခက် ခဲခဲ ရုန်းကန်ခဲ့ရသည်။ ပွဲချိန် မိနစ် (၉၀) ပြည့်ကာနီးတွင်လည်း အီမာဆန် အား အဖျက်ကြမ်းခဲ့သဖြင့် ချဲလ်ဆီး ခံစစ်လူ ဂယ်ရီကာဟေးလ် တိုက်ရိုက် အနီကဒ် ထိခဲ့သည်။ အပိုဆောင်း မိနစ်တွင် အော်စကာ၏ ဖန်တီးမှုမှ တဆင့် တောရက်စ် ချေပဂိုး သွင်းယူနိုင် ခဲ့သော်လည်း လူကျွံနေခဲ့သဖြင့် ချဲလ်ဆီး အသင်း ကံဆိုးခဲ့ရသည်။

 

ဂိုးသွင်းမရပ်သေးတဲ့ အပြာရောင်တို့ သူရဲကောင်းကြီး ဒရော့ဘာ

စတန်းဖိုဒ့်ဘရစ်တွင် အောင်မြင်မှု သရဖူကို အမြင့်ဆုံးအထိ ရယူပေးကာ အသင်းကို ကောင်းခြင်း အပေါင်းတို့ဖြင့် နှုတ်ဆက် ထွက်ခွာသွားခဲ့သော ဒီဒီယာဒရော့ဘာသည် လက်ရှိတွင် အာဖရိကနိုင်ငံများ ဖလားအတွက် မိခင်နိုင်ငံ အိုင်ဗရီကိုစ့် အသင်းတွင် တိုက်စစ်မှူးတာဝန်ကို အပြည့် ထမ်းဆောင်နေလျက် ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က ဆီနီဂေါ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အိုင်ဗရီကိုစ့် အသင်းသည် ဂိုးပြတ် အနိုင်ကစားသွားခဲ့သည်။ အဆိုပါ ပွဲတွင် ချယ်ဆီး ကစားသမားဟောင်း လက်ရှိ တရုတ်စူပါလိဂ်မှ ရှန်ဟိုင်းရှန့်ဟွာကလပ်မှ တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာသည် အဆိုပါ နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် ဆီနီဂေါ ပရိတ်သတ်များသည် ၀တ္တုပစ္စည်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှုးမီးပန်းနှင့် မီးရှို့ခြင်းများပါ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး ၀န်ထမ်းများ၏ အကူအညီဖြင့် ပွဲအပြီးတွင် ကစားသမားများအား ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။
Le Mans၊ Guingamp၊ Marseille၊ Chelsea အသင်းများ၏ ကစားသမားဟောင်းသည် လက်ရှိ တရုတ်ကလပ်တွင် ၁၀ပွဲကစားပြီး ၈ဂိုးတိတိ ဂိုးသွင်းယူပေးထားသည်။ ယခင် ကလပ်ဟောင်း ချယ်ဆီးအတွက်မူ ပွဲပေါင်း ၂၂၆ ပွဲတွင် ဂိုးပေါင်း ၁၀၀ တိတိကို သွင်းယူကာ နောက်ဆုံးကစားခဲ့သည့် နှစ်တွင် ချန်ပီယံလိဂ်ဖလားရအောင် အဓိက အခန်းကဏ္ဍမှနေ ချယ်ဆီးအသင်းကို ကူညီပေးခဲ့သည်။ မိခင် အိုင်ဗရီကိုစ့် နိုင်ငံအသင်းအတွက်မူ ပွဲပေါင်း ၈၉ပွဲတွင် ၅၈ ဂိုးတိတိကို သွင်းယူပေးထားခဲ့ပြီး ဖြစ်သည်။









ဂွါဒီယိုလာ ရောက်ရှိလာပါက နေရာဖယ်ပေးရန် အသင့်ရှိနေဟု ဘင်နီတက်ဇ် ဖွင့်ဟ


ချဲလ်ဆီး အသင်း၏ ယာယီမန်နေဂျာ ဖြစ်သူ ရာဖာဘင်နီတက်ဇ် က အသင်းသို့ ဂွါဒီယိုလာ ရောက်ရှိ လာခဲ့ချိန်တွင် နေရာဖယ်ပေးရန် အသင့်ရှိနေကြောင်း ဖွင့်ဟ ပြောကြား ခဲ့သည်။
စပိန်လူမျိုး မန်နေဂျာ ဘင်နီတက်ဇ် သည် ပြီးခဲ့သော လတွင် မန်နေဂျာဟောင်း ဖြစ်သူ ဒီမက်တီရိုထံမှ ချဲလ်ဆီး အသင်းကို လွှဲပြောင်း တာဝန်ယူခဲ့ရသူ ဖြစ်သည်။ ဒီမက်တီရို သည် ပရိသတ်များ၏ စိတ်ကြိုက်မန်နေဂျာ တစ်ဦး ဖြစ်နေသည့် အခြေအနေနှင့်အတူ လီဗာပူးလ် မန်နေဂျာ ဖြစ်စဉ်က ၎င်း ပြောဆိုခဲ့သော မှတ်ချက် အချို့ကြောင့် ဘင်နီတက်ဇ် အား အသင်း ပရိသတ်များမှ အမြင်ကြည်လင်မှု မရှိသေးချေ။ သို့သော်လည်း ၎င်း၏ လက်ထက်တွင် အသင်း၏ ရလဒ်များ တည်ငြိမ်မှု ရှိလာခဲ့သည်နှင့် အညီ ပရိသတ်များ၏ ထောက်ခံမှုကို တဖြည်းဖြည်း ရရှိလာခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့ကလပ် ချန်ပီယံ ဗိုလ်လုပွဲ အကြို အဖြစ် bbc နှင့် ပြောဆိုခဲ့ရာတွင်တော့ ဘင်နီတက်ဇ်က ဂွါဒီယိုလာ စတန်းဖို့ဒ်ဘရစ်ခ်ျ ရောက်လာမည့် အခြေအနေကို ကြိုဆိုကြောင်း ဖွင့်ဟခဲ့သည်။ “ဂွါဒီယိုလာ မှာ မှတ်တမ်းကောင်းတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့တွေ ဆုဖလားတွေ ဆွတ်ခူးပြီးတဲ့ အချိန်မှာ သူရောက်လာမယ် ဆိုရင် ကျွန်တော် အလွန် ဝမ်းမြောက်မိမှာ ပါပဲ။” ဟု ဘင်နီတက်ဇ် က ဆိုသည်။ ဂွါဒီယိုလာ သည် ဘာစီလိုနာ အသင်းနှင့်အတူ နည်းပြဘဝ လေးနှစ်တာ ဖြတ်သန်းခဲ့ပြီး အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်သည်။
ဆက်လက်ပြီး ဘင်နီတက်ဇ် က ၎င်း ချဲလ်ဆီး အသင်းကို တာဝန်ယူရန် ဆုံးဖြတ်ပြီး ကတည်းက ကာလတို အခြေအနေမျိုး ဖြစ်သည်ကို သိရှိခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ “ကျွန်တော် ဒီကိုလာဖို့ ဆုံးဖြတ်ချက် ချပြီ ဆိုကတည်းက ၆လ၊ ၇လ လောက်ပဲ စာချုပ်ချုပ်ရမယ် ဆိုတာ သိပြီးသားပါ။ ဒီကာလတွေထက် ပိုပြီး မတွေးထားပါဘူး။” ဟု ဆိုသည်။ ထို့အပြင် အသင်းပရိသတ်များ၏ ထောက်ခံမှုကို ဖြည်းဖြည်းခြင်း ရယူရန် မျှော်လင့်နေကြောင်း ကိုလည်း “အသင်းရဲ့ ရလဒ်တွေ တည်ငြိမ်လာပြီးတဲ့နောက်၊ ကျွန်တော့်ရဲ့ နည်းစနစ် ချဉ်းကပ်ပုံ၊ အသင်းရဲ့ ကစားဟန်တွေ တိုးတက်လာတာနဲ့အတူ အသင်း ပရိသတ်တွေက ကျွန်တော့်အပေါ် ကို အကောင်းမြင်လာမယ် လို့ ထင်ပါတယ်။” ဟု ဘင်နီတက်ဇ် က ပြောကြားခဲ့သည်။
Source:DailyMail









ဘင်နီတက်ဇ် လက်ထက်မှာ ချယ်ဆီး အသင်း ပိုကောင်းလာပါတယ် # တောရက်စ်


ချယ်ဆီး အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဖာနန်ဒို တောရက်စ် က မိမိတို့ ချယ်ဆီး အသင်း အနေဖြင့် နည်းပြသစ် ဘင်နီတက်ဇ် လက်ထက်တွင် ယခင်ကထက် ခြေစွမ်းပိုမိုကောင်းမွန် လာခဲ့ကြောင်း ပြောကြား သွားခဲ့သည်။
ချယ်ဆီး အသင်းမှာ ယခုနှစ် ဘောလုံး ရာသီတွင် ရလဒ်များ ဆက်တိုက် ဆိုးရွားခဲ့သော နည်းပြ ဒီမက်တီယို အား ထုတ်ပယ်၍ လီဗာပူး နည်းပြဟောင်း ဖြစ်သူ ဘင်နီတက်ဇ် အား ပြောင်းလဲ ခန့်အပ် ခဲ့သည်။ ဘင်နီတက်ဇ် လက်ထက် ချယ်ဆီး အသင်းမှာ အစောပိုင်း ကာလက ရလဒ်များ မကောင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် ခြေစွမ်းပြန်လည် ရရှိလာခဲ့ပြီး ဆန်းဒါးလန်း အသင်းအား ပရီးမီးယားလိဂ်တွင် ၃-၁ ဖြင့် အနိုင် ရရှိခဲ့သလို ကမ္ဘာ့ကလပ်ချန်ပီယံများ ဖလား ဆီမီးဖိုင်နယ် တွင်လည်း မက္ကဆီကို ကလပ် မွန်ထရီရေး အသင်းအား ၃-၁ ရလဒ်ဖြင့် အနိုင် ရခဲ့ပြီးနောက် တောရက်စ် က ဘင်နီတက်ဇ် အား ချီးကျူး သွားခဲ့ခြင်း ဖြစ်သည်။
တောရက်စ် က “အခုနှစ် ဘောလုံး ရာသီမှာ ကျွန်တော်တို့ အသင်းဟာ အရည်အသွေးမြင့် ကစားသမားတွေ ကို ပိုင်ဆိုင် ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အချိန်တွေတုန်းက အသင်းဟာ ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် နည်းပြသစ် ဘင်နီတက်ဇ် ရောက်လာပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ အသင်းဟာ ပိုမို စုစုစည်းစည်း ဖြစ်လာခဲ့ပြီး ပိုကောင်းလာခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေက ပွဲစဉ်မှာ ဂိုးသွင်း နိုင်ခဲ့သလို အခု မွန်တာရေး နဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် ရှေ့ဆက်ပြီး ဂိုးတွေ ဆက်လက် ရရှိဖို့ မျှော်လင့်ပါတယ်” ဟု ထုတ်ဖော် ပြောကြား သွားခဲ့သည်။ ချယ်ဆီး အသင်းမှာ မွန်တာရေး အသင်းအား အနိုင်ရရှိခဲ့သဖြင့် ကမ္ဘာ့ကလပ် ချန်ပီယံများ ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ပြီး ဘရာဇီး ကလပ် ကိုရင်သီယန် အသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်သည်။
ဆက်လက်၍ တောရက်စ် က “ဒီ ပြိုင်ပွဲဟာ အရေးကြီးတဲ့ ပြိုင်ပွဲ တစ်ရပ်ပါ။ တောင်အမေရိက တိုက်က လူတွေ ဆိုရင် အခုပြိုင်ပွဲကို အရမ်း အလေးထားပါတယ်။ ဒီ တစ်ကြိမ်ဟာ ပထမဆုံး အကြိမ်အဖြစ် ကျွန်တော် ဂျပန်ကို ရောက်ခဲ့ဘူးတာပါ။ ပြိုင်ပွဲမှာ ပရိသတ်တွေက ကျွန်တော့် နာမည်ကို အော်ဟစ်ပြီး အားပေးတော့ စိတ်လှုပ်ရှား ရပါတယ်။လာမယ့် ဖိုင်နယ် ပွဲစဉ်ဟာ ခက်ခဲတဲ့ ပွဲ တစ်ပွဲ ဖြစ်လာမှာ မှန်ပေမယ့် ကျွန်တော်တို့ အသင်း ဆုဖလား ကိုင်မြှောက်ခွင့် ရမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ထုတ်ဖော် ပြောကြား သွားခဲ့သည်။
Source:TheSun

မောင့်ပယ်လီယာကပ္မတိန်အားအရခေါ်ယူရန်ကြိုးပမ်းလာသည့်ချဲလ်ဆီး


အဆိုပါ၂၃နှစ်ရှိပြင်သစ်သားမောင့်ပယ်လီယာအသင်းကပ္မတိန်အား..ချဲလ်ဆီးအသင်းမှ
အရခေါ်ယူရန်ကြိုးပမ်းလျက်ရှိနေသည်
နောက်တန်းတွင်တဖက်အသင်း၏တိုက်စစ်မူးအား..အားအင်ပြည့်တုံပြန်ခုခံတတ်သော..
သူ၏ကစားဟန်အား..ယခင်နည်းပြဟောင်း
ဒီမက်တီယိုလက်ထက်ကပင်ခေါ်ယူရန်ကြိုးစားခဲ့ဖူးသည်။ယခုအခါဘင်နီတတ်မှတဖန်ပြန်လည်ကြိုးပမ်းလာခြင်းလဲဖြစ်သည်။
အဆိုပါပြင်သစ်သား yanga-mbiwaအားအာဆင်နယ်နှင့်စီးရီးအေမှအေစီမီလန်တို့မှလဲခေါ်ယူရန်စိတ်ဝင်စားနေကြသည်။
အာဆင်နယ်အသင်းမှလဲအဆိုပါပြင်သစ်သားအားအသင်း၏နောက်တန်းပြုပြင်ရန်အတွက်အသဲအသန်အလိုရှိနေပြီး
ယခုဆောင်းရာသီအပြောင်းရွေ့တွင်အရခေါ်ယူရန်ကြိုးစားလျက်ရှိနေသည်။
Mapou Yanga-M’Biwa..၏ကိုယ်ရေးအကျဉ်း
Mapou Yanga-M’Biwa
Born- May 15, 1989 (age 23), bangui
Height- 1.84 m
Position- Defender
Teams: France national football team (#15 / Defender), Montpellier HSC (#3 / Defender)

ဒတ်ခ်ျနောက်ခံလူအတွက်ပေါ်င်၅သန်းအသုံးပြုဦးမည့်ချဲလ်ဆီး


ချဲလ်ဆီးအသင်း၏လူငယ်သွေးသစ်စီမံကိန်း အစီစဉ်အရအဆိုပါအသက် ၂၀အရွယ်ရှိ
ဒတ်ခ်ျနောက်ခံလူအား..ပေါ်င်၅သန်းအသုံးပြုသွားမည်ဖြစ်သည်။ ဖီယင်နုအသင်းတွင် ခြေစွမ်းပြကစားနေသော အသင်းကပ္မတိန်
De vrijအား ချဲလ်ဆီးအသင်း သည်အသင်း၏ရေရှည်စီမံကိန်းအတွက်အသုံးပြုသွားဖွယ်ရှိနေသည်။
အသက်၁၇နှစ်အရွယ်၌ပင် မထမပွဲထွက်ကစားသမားဖြစ်ခဲ့သော De vrijသည်ယခုတွင်အသက်၂၀အရွယ်
ရှိနေပြီဖြစ်ပြီး ဟော်လန်အမှတ်ပေးလိပ် ဖီယင်နုတွင် အထူးခြေစွမ်းပြလျက်ရှိနေသည်။
လက်ရှိအက်စတွန်ဗီလာအသင်းဟော်လန်ကစားဖော်ကပ္မတိန် Ron valaar ၏ခြေရာအားနင်းနိင်မည့်သူအဖြစ်
ထင်ကြေးပေးခံရသူလဲဖြစ်ပြီး။ ဖီယင်နူအသင်းအနေဖြင့်လည်းချဲလ်ဆီး၏ ပြောင်းရွေ့ကြေးအား
အထူးပယ်ငြင်းပယ်ခြင်းမရှိ၍ အဆိုပါ ဗဟိုနောက်ခံလူအား ချဲလ်ဆီးအနေဖြင့် စတမ်းဖို့ဘရက်ဒ်သို့
အရောက်ခေါ်ယူနိင်မည် ဟုယုံကြည်လျက်ရှိနေသည်။
ထို့အပြင်အပြေင်းရွေ့ပေါ်လစီပေါ်မူတည်၍ သူ့အားချဲလ်ဆီးသို့ အရောက်ခေါ်ယူရန် ချဲလ်ဆီးပိုင်ရှင်အနေ
ဖြင့်သူ၏တန်ကြေးအားထပ်တိုးသွားဖွယ်ရှိနေသည်ဟု..သတင်းများကဖော်ပြလျှက်ရှိနေသည်။
ချဲလ်ဆီးအသင်း၏လက်ရှိကပ္မတိန်ဗဟိုခံစစ်မူးဂျွန်တယ်ရီမှာဒဏ်ရာရရှိနေသောကြောင့်
သူ၏နေရာအား ရေရှည်လူငယ်များဖြင့်သာအစားထိုးအသုံးပြုရန် ချဲလ်ဆီးအသင်းပိုင်ရှင်မှမျော်လင့်လျက်ရှိနေသည်
ဟု METRO.CO.UKမှဖော်ပြသွားသည်။ De vrij နှင့်ဖီယင်နုအသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၁၄မှကုန်ဆုံးမည်ဖြစ်သည်။
Stefan de Vrij ၏ကိုယ်ရေးအကျဉ်း
Born: February 5, 1992 (age 20), Ouderkerk aan den IJssel
Height: 1.88 m
Position: Defender

ပေါင် ၁၂သန်းဖြင့် လီဗာပူးလ်သို့ စတားရိုက် ရောက်ရှိဖွယ်ရှိ

ချယ်ဆီးအသင်းမှ တိုက်စစ်မှူး စတားရိုက်အား လီဗာပူးလ်အသင်းသည် ယခုဆောင်းရာသီ အပြောင်းအရွှေ့တံခါးဖွင့်ချိန်တွင် ခေါ်ယူသွားဖွယ် ရှိနေသည်ဟု သိရသည်။
ပေါင် ၁၂သန်းမျှ ပေးရဖွယ် ရှိပြီး အဆိုပါ တန်ကြေးမှာလည်း သင့်တင့်သည့် ပြောင်းရွှေ့ကြေး ဖြစ်သွားမည်ဟု မျှော်လင့်ရသည်ဟု သိရသည်။
ချယ်ဆီးအသင်းနှင့်အတူ ဂျပန်သို့ ရောက်ရှိနေသည့် စတားရိုက်အား ပြီးခဲ့သည့် သြဂုတ်လကတည်းက လီဗာပူးလ်မှ ခေါ်ယူဖို့ ကြိုးစားနေသော်လည်း အဌားဖြင့်မူ ကစားသမားကိုယ်တိုင်က မသွားလိုဟု သိရသည်။

Goalline Technology ကို ဘ၀င်မကျတဲ့ ဘင်နီတက်စ်

http://i.telegraph.co.uk/multimedia/archive/02194/juan_mata_2194496b.jpg
လက်ရှိ ချယ်ဆီးအသင်း ပါဝင်ယှဉ်ပြိုင်နေသည့် ကမ္ဘွာှ့ကလပ်များဖလားပြိုင်ပွဲတွင် Goalline Technology ကို ထည့်သွင်းသုံးစွဲနေရာ ချယ်ဆီးအသင်းသည် ကံကောင်းစွာပင် အဆို နည်းစံနစ်၏ ကောင်း၏ ဆိုး၏ အတွေ့အကြုံများကို ရရှိနေပြီ ဖြစ်သည်။
သို့သော်လည်း အဆိုပါ နည်းစံနစ်မှာ ဘောလုံးအားကစားတွင်မူ အဖြေမှန်ထွက်ဖို့ မသေချာလှဟု ချယ်ဆီးအသင်း၏ နည်းပြသစ် ဖြစ်သူ ရာဖာဘင်နီတက်စ်က ပြောကြားလိုက်သည်။
“ဒီပွဲတွေမှာ ဒီဗီဒီယိုနည်းစံနစ်တွေကို သုံးတာ ကျွန်တော်ကတော့ မကြိုက်ဘူးဗျ။ အများကြီး အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပြီး ဆုံးရှုံးမှုတွေလည်း ရှိလာနိုင်တယ်။ ရပ်ဘီပွဲတစ်ပွဲရဲ့ ဖိုင်နယ် တစ်ခုကို မှတ်မိပါသေးတယ် အဲဒီတုန်းက ဒီနည်းစံနစ်နဲ့ အဖြေထုတ်ဖို့ ၃ မိနစ်တောင် ကြာခဲ့တယ် ၃ မိနစ်တောင်နော်”
“ဘောလုံးလောကမှာကျတော့ ဒီလို အဖြေထုတ်တာ အရမ်းကို မြန်ဆန်ပါတယ်လို့ သူတို့က ပြောကြတယ။် ဒါပေမဲ့ လီဗာပူးလ်နဲ့ ချာလ်တန်တို့ ပွဲတုန်းက ဂိုးသမားဒူးဒတ်နဲ့ တိုက်စစ်မှူး ဒါရင်းဘန့်တို့ရဲ့ အဖြစ်ကို ကျွန်တော် မှတ်မိပါသေးတယ်။”
“အဲဒီတုန်းကဗျာ ပယ်နယ်တီပေးရမယ်ပေါ့ ဒါကို ရုပ်သံကနေ ၄ခါလောက် ပြန်ပြတာ မြင်လိုက်ရတယ်။ ၃ခါကတော့ ပယ်နယ်တီပေါ့ နောက်ဆုံး လေးခါမြောက်ကျတော့ ပယ်နယ်တီ မဟုတ်တော့ဘူးဗျ။ ဒီတော့ဗျာ ဒါကို ဘယ်သူက သုံးသပ်မှာလည်း မြင်ကွင်းအမျိုးမျိုးကနေ ဒီသုံးသပ်ချက်ကို အဖြေထုတ်ဖို့ အချိန် ဘယ်လောက်တောင် ကြာနိုင်မလဲပေါ့။ ဒီနည်းစံနစ်ဟာ ကွဲပြားခြားနားမှုတွေနဲ့ပါ။ ပွဲတစ်ပွဲအတွက်တော့ အတိမ်းအဆောင်းမခံတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ တကယ်လို့သာ ဒီနည်းစံနစ်ကို ရှိတယ် သုံးမယ် ဆိုရင် ရလဒ်ကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ခင်ဗျားတို့ဘက်က အာမခံနိုင်ရပါမယ်”ဟု ဘင်နီတက်စ်က အဆိုပါ နည်းစံနစ်သစ်ကို လက်မခံနိုင်ကြောင်း ပြောကြားသွားခဲ့သည်။

ဇန္န၀ါရီ အပြောင်းအရွေ့မှာ ချယ်ဆီးဖန်တွေကို အံအားသင့်စေမည်ဆိုသည့် ဘင်နီတက်စ်

http://i1.wp.com/metrouk2.files.wordpress.com/2012/12/chelsea-interim-coach-benitez-speaks-during-news-conference-before-training-session-for-club-world-cup-soccer-tournament-in-yokohama-ay_99672759.jpg?w=650
အံသြစရာတွေကို မြင်ချင်တယ်ဆိုရင်တော့ မြင်ရတော့မှာပါ
လာမည့် ဇန္န၀ါရီလ ဆောင်းရာသီ အပြောင်းအရွှေ့တံခါးဖွင့်ချိန်တွင် ချယ်ဆီးအသင်း၏ နည်းပြသစ် ရာဖေးဘင်နီတက်စ်က အားလုံးကို အံအားသင့်စေရမည်ဟု ပြောကြားလိုက်သည်။
ချယ်ဆီးအသင်းသည် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြီးမားသည့် အစီအစဉ် တစ်ခု ရှိနေပြီး အက်တလီကိုမက်ဒရစ်မှ ရာမာဒယ်ဖဲလ်ကာအိုမှာ အဓိက အကျဆုံး ပစ်မှတ် တစ်ခု ဖြစ်နေသည်။
ဂျပန်ရောက် ချယ်ဆီးနည်းပြ ဘင်နီတက်စ်က ကမ္ဘွာှကလပ်များဖလား ဆီးမီးဖိုင်နယ်ပွဲ မတိုင်မှီ သတင်းစာ ရှင်းလင်းပွဲတွင် ယခုလို ပြောသွားခြင်းလည်း ဖြစ်သည်။။
“ကျွန်တော်တို့ ကလပ်ဟာ အလုပ်လုပ်နေပါတယ်။ ကစားသမားကောင်းတွေကိုလည်း အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့အားလုံး အံသြစရာတွေကို မြင်ချင်တယ်ဆိုရင်တော့ မြင်ရတော့မှာပါ”ဟု ပြောသွားခဲ့သည်။
http://img.thesun.co.uk/multimedia/archive/01625/88_torr_1625281a.jpg

  ကိုရင်သီယန် ကွင်းလယ်ကစားသမားကို ပေါင် ၁၁သန်းဖြင့် ဘင်နီတက်စ် ခေါ်ယူဖွယ်ရှိ

ချယ်ဆီးအသင်းနှင့် ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲ ဖိုင်နယ်တွင် တွေ့ဆုံမည့် ကိုရင်သီယန်အသင်းမှ ကွင်းလယ်ကစားသမား ပေါလ်လင်ဟို Paulinhoအား ချယ်ဆီးနည်းပြ ဘင်နီတက်စ်က ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရသည်။
သည်ဆန်းသတင်းစာ အလိုအရ ဘင်နီတက်စ်သည် ပေါင်၁၁သန်းဖြင့် ယခုသတင်းပတ်အတွင်း ကမ်းလှမ်းသွားဖွယ် ရှိနေသည်ဟု သိရသည်။ ထို့အပြင် ဒါဏ်ရာကြောင့် ရာသီကုန်သည်အထိ အနားယူရတော့မည် ဖြစ်ရာ ဘင်နီတက်စ်သည် ခရစ်စမတ် ဈေးဝယ်ခြင်းအဖြစ် အဆိုပါ ပြိုင်ပွဲကြီးကာလအတွင်း ကစားသမားအချို့ကို ကမ်းလှမ်းသွားဖွယ် ရှိသည်ဟု သိရသည်။
အဆိုပါ အသက် ၂၄နှစ်အရွယ် ကစားသမားအား ချယ်ဆီးနှင့်ပြိုင်ကာ မန်ချက်စတာစီးတီးအသင်းနှင့် အင်တာမီလန်တို့ကလည်း ခေါ်ယူလိုလျက် ရှိကြောင်း သိရသည်။

မက္ကဆီကိုကလပ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ချဲလ်ဆီး # မွန်တာရေး ၁-၃ ချဲလ်ဆီး

ဂျပန်နိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ကလပ်များ ချန်ပီယံပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ စဉ် အဖြစ် ကွန်ကာကပ်ဇ် ချန်ပီယံ ဖြစ်သည့် မက္ကဆီကို ကလပ် မွန်တာရေး နှင့် ဥရောပချန်ပီယံ ချဲလ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ချဲလ်ဆီး အသင်းသည် မန်နေဂျာ ဘင်နီတက်ဇ်၏ လက်ထက်တွင် ပုံမှန် ခြေစွမ်း ရလာခဲ့သည်ကို ယခုပွဲတွင်လည်း ဆက်လက် သယ်ယူလာနိုင်ခဲ့ပြီး ၃ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ချဲလ်ဆီး အတွက် ဂိုးများကို တောရက်စ်နှင့် မာတာ တို့က သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကိုတော့ မွန်တာရေး ခံစစ်လူ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်း ဖြစ်သည်။ မွန်တာရေးအတွက် နှစ်သိမ့်ချေပဂိုး ကို တိုက်စစ်မှုး နီဂရစ်က ပွဲချိန် အပိုဆောင်းမိနစ်တွင် သွင်းယူခဲ့သည်။
ချဲလ်ဆီး အသင်းသည် ယနေ့ပွဲတွင် လူစာရင်း အပြည့်အစုံ ဖြင့် ပွဲထွက်သွားခဲ့ပြီး တောင့်တင်းသည့် အသင်းဖြင့် မက္ကဆီကို ကလပ်အား ယှဉ်ပြိုင် ခဲ့သည်။ ချဲလ်ဆီးတွင် တိုက်စစ်မှုး တောရက်စ် ကို အထောင် ထားခဲ့ပြီး မာတာ၊ ဟာဇတ်၊ မီကေးလ်၊ အော်စကာ တို့၏ ကွင်းလယ်ဖြင့် ထောက်ပံ့စေခဲ့ပြီး နောက်ခံလူ လူးဝစ်ကို ကွင်းလယ်ခံစစ်တွင် ကစားစေခဲ့သည်။ ခံစစ် ကစားသမား အဖြစ် အက်ပီလီကျူတာ၊ လူးဝစ်၊ အိုင်ဗန်နိုဗစ်၊ ကိုးလ်၊ ကာဟေးလ် တို့ကို အသုံးပြုခဲ့ပြီး ဂိုးသမား ပီတာဆက်ခ်ျ ကို အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်စေခဲ့သည်။
ယနေ့ပွဲတွင် နှစ်သင်းလုံး ကစားအား ညီခဲ့ပြီး ကွင်းလယ်တွဲလုံး များဖြင့် ပွဲကို ဖြည်းဖြည်းမှန်မှန် ကစားသွားနိုင် ခဲ့သည်။ မက္ကဆီကို ကလပ်၏ ပထမပိုင်း တိုက်စစ် တွဲလုံးများက ချဲလ်ဆီး ခံစစ်ကို ဖိအား များစေခဲ့ပြီး အနိမ့်ဘောဖန်တီးမှုများ ဖြင့် တောင်ပံသို့ ဘောလုံးချဲထုတ်ကာ ဂိုးဧရိယာ အတွင်း ဖြတ်တင်ပေးပို့ပြီး ဂိုးရယူရန် ကြိုးစားခဲ့သည်။ ဥရောပချန်ပီယံ အဖြစ် ကိုယ်စားပြု ကစားခဲ့သည့် ချဲလ်ဆီး အသင်းကတော့ ပွဲကို ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး ဘောလုံးရရှိသည့် အချိန်တိုင်း တိုက်စစ်ကို အလျင်အမြန် ပြောင်းလဲ၍ တိုက်ရိုက်တိုက်စစ်ဆင်သည့် ပုံစံကို ပုံဖော် လာခဲ့ကာ အခွင့်အရေးများကို အသုံးချနိုင်ခဲ့သည်။ ပွဲအစပိုင်း (၅) မိနစ်တွင်ပင် ချဲလ်ဆီး အသင်း ဦးဆောင်ဂိုး ရယူနိုင်ရန် အခွင့်အရေး ပေါ်ပေါက်ခဲ့ပေမယ့် ဟာဇတ် ဂိုးသမားနှင့် တစ်ဦးခြင်းအတွေ့ ကန်သွင်းခဲ့ရာတွင် ဂိုးပေါက် လွဲချော် ခဲ့သဖြင့် ဂိုးစောစောရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။
ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၇) မိနစ်တွင် သွင်းယူနိုင် ခဲ့ပြီး မွန်တာရေး အသင်းအား ဖိအားဝင်စေခဲ့သည်။ တန်ပြန် တိုက်စစ်ဆင်ချိန် အော်စကာ၊ ကိုးလ်တို့၏ တွဲလုံးမှတဆင့် အင်္ဂလန် နောက်ခံလူ၏ ဖန်တီးမှုကို ဂိုးဧရိယာ ထဲတွင် ရှိနေသော မာတာက အပိုင် ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် မွန်တာရေး အသင်းသည် ၎င်းတို့၏ အပေးအယူ ညက်ညောမှုဖြင့် ချဲလ်ဆီး ကွင်းလယ်ကို စိုးမိုး ကစားနိုင် ခဲ့ပြီး ချေပဂိုး ရယူရန် အခွင့်အရေးများ ဖန်တီးခဲ့သည်။ သို့သော်လည်း ဖြတ်တင်မှုပြုလုပ်တိုင်း အထောင် တိုက်စစ်မှုး ဖြစ်သည့် နီဂရစ် ချဲလ်ဆီး နောက်ခံလူများနှင့် အပြိုင် လုမယူနိုင်ခဲ့ပဲ ဖြစ်နေခဲ့တာကြောင့် ပီတာဆက်ခ်ျ ကာကွယ်မှု ခက်ခက်ခဲခဲ မပြုလုပ်ခဲ့ရချေ။ မွန်တာရေး အသင်းတွင် တောင်ပံ ကစားသမားများ ဖြစ်သည့် ဒယ်လ်ဂါဒိုနှင့် ကာဒိုဇို တို့ ပထမပိုင်းတွင် ခြေစွမ်း ပြခဲ့ပြီး ချဲလ်ဆီး ခံစစ်အစွန်လူများကို အချိန်ပြည့် ဖိအားပေးသွားနိုင် ခဲ့သည်။ ပွဲချိန် ပထမပိုင်း နောက်ဆုံးမိနစ် များတွင်လည်း မည်သည့် အသင်းမှ ဂိုးသွင်းခွင့် များများစားစား မဖန်တီးနိုင်ခဲ့ပဲ မွန်တာရေး အသင်းက ချေပဂိုး သွင်းယူနိုင်ရန် ကြိုးစားခဲ့သည့် ကြိုးစားမှု နှစ်ကြိမ်လောက်သာ ထူးခြားသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်တော့ တစ်ဂိုး ဦးဆောင်ထားသည့် ချဲလ်ဆီး အသင်းက ပွဲအစ (၃) မိနစ်တွင်ပင် နှစ်ဂိုး ဆက်တိုက် သွင်းယူခဲ့ပြီး ပွဲကို ထိန်းချုပ် နိုင်ခဲ့သည်။ (၄၆) မိနစ်တွင် ဟာဇတ်၏ ထိုးဖောက်မှုမှ တဆင့် တိုက်စစ်မှုး တောရက်စ် ရရှိသွားပြီး ကန်သွင်းခဲ့ရာတွင် မွန်တာရေး နောက်ခံလူနှင့် ထိခဲ့ပြီး လမ်းကြောင်းပြောင်း ဂိုးဝင် သွားခဲ့၍ ဂိုးသမား ကာကွယ်ရန် မစွမ်းနိုင်ခဲ့ချေ။ နောက်ထပ် (၂) မိနစ်အကြာတွင်လည်း တန်ပြန် တိုက်စစ်မှ တဆင့် တောရက်စ်၏ ပေးပို့မှုကို မာတာ ရယူခဲ့ပြီး အော်စကာအား ဂိုးသွင်းယူရန် ဖန်တီးပေးပို့ခဲ့ရာ မွန်တာရေး နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းယူမိ ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းအစတွင်ပင် သုံးဂိုး ပြတ် ရှုံးနိမ့်သွားခဲ့တာကြောင့် မွန်တာရေး အသင်း ဖိအားများသွား ခဲ့ပြီး ပထမပိုင်း က ကဲ့သို့ ကစားပုံမျိုး မပြုလုပ်နိုင်တော့ချေ။
ပွဲချိန် မိနစ် (၆၀) မပြည့်ခင် မွန်တာရေး အသင်းမှ လူစားလဲမှု ပြုလုပ်ခဲ့သလို (၅) မိနစ် အကြာတွင်လည်း ချဲလ်ဆီး အသင်းမှ ကွင်းလယ်တွင် ဝင်ကစားနေသည့် လူးဝစ် အစား လမ်းပက် ဝင်ရောက် ကစားခဲ့သည်။ ချဲလ်ဆီး အသင်းသည် (၃) ဂိုးအထိ ဦးဆောင်ထားနိုင်ခဲ့၍ ပွဲကို ထိန်းချုပ်ခဲ့ပြီး တန်ပြန် တိုက်စစ်ဖြင့်သာ ဂိုးရယူရန် ကြိုးစား ခဲ့သည်။ မွန်တာရေး အသင်းအနေနှင့် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပီတာဆက်ခ်ျ ကို ဒုက္ခတွေ့စေမည့် ကန်သွင်းချက် မျိုး မပြုလုပ်နိုင်ခဲ့သောကြောင့် ချေပဂိုး ရယူရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် နောက်ပိုင်း မိနစ် များတွင်လည်း ဂိုးပြတ် အနိုင် ရရှိနေသည့် ချဲလ်ဆီး အသင်းကပင် ထပ်မံ ဂိုးရယူနိုင်မည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ပြီး မွန်တာရေး အသင်း ကစားအား သိသိသာသာ ကျသွားခဲ့သည်။ ချဲလ်ဆီး သည် အနိုင်သေချာနေသည့် ရလဒ်ကြောင့် မာတာ၊ တောရက်စ် တို့ကို အနားပေးခဲ့ပြီး ဖရဲရားနှင့် မော့ဆက်စ် တို့ကို ထည့်သွင်းသွားခဲ့ပြီး ပွဲကို အဆုံးသတ်ရန် ကြိုးစား ခဲ့သည်။ အပိုဆောင်း မိနစ်တွင်မှ မွန်တာရေး တိုက်စစ်မှုး နီဂရစ်က နှစ်သိမ့်ချေပဂိုး သွင်းယူသွား ခဲ့သောကြောင့် ချဲလ်ဆီး အသင်း ၃ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ဖယ်ကာအို အတွက် ငွေသုံးကြမ်းရန် အသင့် ရှိနေသည့် အေဗရာ မိုဗစ်

ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်သည် ရာဒါမယ် ဖယ်ကာအို အတွက် ငွေကို ရက်ရက်ရောရော သုံးစွဲရန် အသင့် ရှိနေကြောင်း သိရသည်။
ရုရှား ဘီလျံနာ သူဌေးကြီးသည် ပေါင်စတာလင် သန်း(၄၀)ဝန်းကျင် ပေါက်ဈေးရှိသော တိုက်စစ်မှူးကို အက်သလက်တီကို မက်ဒရစ်ထံမှ ဝယ်ယူပြီး ပါက တစ်နှစ်လုပ်ခ ပေါင်စတာလင် (၁၀)သန်းထိ ပေးချေရန် ရည်ရွယ် ထားကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။ ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးသည် စပိန်လာလီဂါတွင် အန္တရာယ် အကြီးမားဆုံး တိုက်စစ်သမား တစ်ဦးအဖြစ် မှတ်ကျောက်တင်ခံ ခဲ့ပြီးနောက် ဖာနန်ဒို တောရက်စ်၏ အနေအထား အပေါ် အားမရ ဖြစ်နေသည့် အေဗရာမိုဗစ်၏ အာရုံကို ဖမ်းစားနိုင် ခဲ့သည်။
Daily Mail သတင်းစာက ချယ်လ်ဆီးသည် အသက်(၂၆)နှစ်ရှိ ကစားသမား အတွက် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)ဝန်းကျင် ပေးချေ သွားမည်ဟု ဖော်ပြ ခဲ့သည်။ ယင်းသည် တောရက်စ် လက်ရှိ ခံစားခွင့် ရနေသည့် တစ်ပတ် ပေါင်စတာလင် (၁၇၅၀၀၀)ထက် ပိုမိုများပြားမည့် သဘောလည်း ဖြစ်သည်။ ချယ်လ်ဆီးသည် ဇန်နဝါရီ ဈေးကွက် ကာလတွင် ဖယ်လ်ကာအိုအား စတင် ချဉ်းကပ်ဖွယ် ရှိနေပြီး အက်သလက်တီကို ကမူ ၎င်းတို့၏ အားထား ရသော ကစားသမားကို ရာသီကုန်ထိ ဆက်ထိန်း ထားရန် ကြိုးစားနိုင်ကြောင်း သိရှိ ရသည်။

ဘရားဇီးကလပ် ဆန်းတိုစ့်က မာလူဒါကို လိုချင်နေ


ဘရာဇီးကလပ် ဆန်တိုးစ်အသင်းသည် ဥရောပချန်ပီယံလိဂ် ဖလားနှင့် အက်ဖ်အေဖလား နှစ်လုံးရ ချယ်ဆီးအသင်းတွင် နေရာမရ ဖြစ်နေသည့် ပြင်သစ်လက်ရွေးစင် ဖလောရင့် မာလူဒါအား ခေါ်ယူဖို့ အသင့် ဖြစ်နေပြီဟု သိရသည်။
အဆိုပါ ပြင်သစ်သားသည် နည်းပြသစ် ရော်ဘတ်တိုဒီမတ်တီယို၏ ယခုနှစ် ရာသီသစ်တွင် ပွဲထွက်ခွင့်မရဘဲ ဘေးသို့သာ ရောက်နေခဲ့ပြီး စတန်းဖိုဒ့်ဘရစ်၏ အနာဂတ်ခရီးတွင် ၄င်းအနေဖြင့် မပါဝင်တော့ပေ။
သို့ဖြစ်ပါ၍ ဆန်းတိုစ့်အနေဖြင့် အလွတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူနိုင်တော့မည့် မာလူဒါကို ယခုလို စိတ်ဝင်စားလာခြင်းလည်း ဖြစ်သည်။
မာလူဒါကိုယ်တိုင်ကလည်း ဘရာဇီးဘောလုံးလောကတွင် ၄င်း၏ ကစားသမားဘ၀ကို အပြီးသတ်လိုကြောင်း အမြဲလိုလို ပြောခဲ့ဖူးရာ ၄င်းအတွက်တော့ အင်္ဂလန်ကို စွန့်ခွာနိုင်မည့် အခွင့်အလန်း ပေါ်လျက် ရှိနေပြီဖြစ်သည်

No comments:

Post a Comment