ကဗျာများ

တစ်ခါမှ မတွေးခဲ့မိတာက
အချစ်က အရာရာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာပဲ

တစ်ခါက ငါအကြိုက်ဆုံးဆိုတဲ့ အစားအစာတွေတောင်
နင်မကြိုက်ဘူးဆိုတဲ့အတွေးနဲ့
ငါ လှည့်မကြည့်တတ်တော့ဘူး

တစ်ခါက ငါမုန်းပါတယ်ဆိုတဲ့
အရာတွေလည်း နင့်သဘောကျ
ငါနှစ်သက်တတ်နေပြီ

ချစ်သူရေ ငါတွေးဖူးတာက
ငါ့ကိုယ်ငါ ဖယောင်းမဟုတ်ဘူးဆိုပြီး မာကြောခဲ့တာလေ
ခုတော့် ငါက ဖယောင်းလူသား လုံးဝဖြစ်နေပြီ

အရာရာ နင့်စိတ်တိုင်းကျ
အရာရာ နင့်အလိုကျ
အရာရာ နင်ဖြစ်ချင်သမျှ
ငါဖြည့်ဆည်းပေးချင်တယ်ဆိုတာပဲ ရှိတော့်တယ်
ချစ်သူရယ်
ဘယ်သူတွေဘယ်လိုပြောင်ပြောင်း
ငါခေါင်းမရွှေ့ပဲ
နင့်ကိုပဲချစ်နေမယ်နော်

ချစ်ချင်လို့ အပြစ်မမြင်ခဲ့တာလား
အပြစ်မမြင်လို့ ချစ်ချင်ခဲ့တာလား
ငါ့ကိုယ်ငါ ဝေခွဲမရပေမယ့်
အသေအချာတော့

ငါချစ်ခဲ့တယ်။ ချစ်သူ
တစ်ခဏစာတောင်မတွေးဘဲ
တစ်ဘ၀စာအရေးအတွက်
တွေးတောမျှော်မြင်လို့

ရှောင်ပေးခဲ့တယ် ချစ်သူ
နောက်ဆုံးတော့ နင့်ရန်သူအဖြစ်
ခံယူပြစ်လို့ ငါ့ကိုမုန်းလည်း
ရင်ထဲက တခမ်းတနားနဲ့ မင်္ဂလာကိတ် 
နင်သာ မနှိပ်စက်ခဲ့ရင်
ထက်ခြမ်းမကွဲလောက် သေးပါဘူး
နင်သဘောကျ နေသွားပြပါ့မယ်
တစ်ဦးပစ်မှတ် တစ်ဦးဖြစ်လို့
….. ငါ ….. 
ရင်ကွဲရတယ် ချစ်သူ...
လွမ်းသူမေ {အဝေးရောက်}

1 comment: